DVB Logo
Home
မြန်မာသတင်း
ထားဝယ် ဆီဆိုင်ကြီးများတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရ
DVB
·
September 13, 2022
ထားဝယ် ဆီဆိုင်ကြီးများတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ပြီးခဲ့တဲ့ သြဂုတ်အစောပိုင်းကနေ အခုထိ စက်သုံးဆီ လိုသလောက်ဝယ်မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူနေကြရပါတယ်။

စစ်ကောင်စီရဲ့ စက်တင်ဘာ ၁၃ ရက်နေ့ သတ်မှတ်ဈေးနှုန်းဖြစ်တဲ့ 92 ဓာတ်ဆီ တလီတာ ၂၄၉၀ ကျပ်နဲ့ ဆိုင်ကယ်တစီး အများဆုံး ၃၀၀၀ ဖိုး၊ အိမ်စီးကားတစီး ၁ သောင်းဖိုးအထိသာ ရောင်းပေးပြီး စက်သုံးဆီ အလုံအလောက်မရှိသေးတာကြောင့် အခုလို ခွဲတမ်းနဲ့ ရောင်းပေးရတာလို့ အမည်မဖော်လိုတဲ့ စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းတဦးက ပြောပါတယ်။

ထားဝယ်မြို့ထဲက စက်သုံးဆီဆိုင်ကြီးတွေဖြစ်တဲ့ ရနံ့သစ်ဆီဆိုင်၊ Petro Green ဆီဆိုင်၊ DDPC ဆီဆိုင် ၁ နဲ့ ၂ တို့မှာ အခုလို ခွဲတမ်းနဲ့ ရောင်းချနေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ်ပိုင်းမှာတော့ အဲဒီစက်သုံးဆီဆိုင်ကြီးတွေမှာ 92 ဓာတ်ဆီ ဝယ်ယူလို့မရတော့ပါဘူး။

DDPC စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းတဦးကတော့ ရန်ကုန်ကနေ ဆီသယ်ယာဥ် ရောက်မလာသေးတာကြောင့် 92 ဓာတ်ဆီ ကုန်သွားတာဖြစ်ပြီး နောက်တရက်လောက်အကြာ ဆီသယ်ယာဥ် ရောက်လာတဲ့အချိန် ခွဲတမ်းနဲ့ ပြန်ရောင်းပေးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်သုံးဆီဆိုင်ကြီးတွေမှာ အခုလို ခွဲတမ်းနဲ့​ ရောင်းချနေပေမယ့် ထားဝယ်မြို့၊ ကမ်းနားလမ်းမှာ ရှိတဲ့ ပုဂ္ဂလိက ဆီဘော(ဆီဒိုင်)တွေကနေတဆင့် ဝယ်ယူရောင်းချနေတဲ့ အသေးစား စက်သုံးဆီဆိုင် အချို့မှာတော့ 92 ဓာတ်ဆီတလီတာ ၃၂၀၀ ကျပ်လောက်နဲ့  လိုသလောက်ဝယ်ယူလို့ ရနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013