
အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်မြို့က ပြင်သစ်သံရုံးနဲ့ ချိတ်ဆက်ထားတဲ့ ပြင်သစ်ဘာသာစကား သင်တန်းကျောင်း တခုကို တရားရုံးအမိန့်အရ အီရန်အာဏာပိုင်တွေက ပိတ်သိမ်းလိုက်တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက စက်တင်ဘာ ၂၀ ရက်မှာ ပြောတယ်လို့ တက်စ်နင်မ် သတင်းဌာနက ဖော်ပြပါတယ်။
ဒီသင်တန်းကျောင်းက လိုင်စင်ရဖို့ အကြိမ်ကြိမ် သတိပေးခံခဲ့ရပေမဲ့ နိုင်ငံခြားဘာသာ စကားသင်ကြားရေး နာမည်ခံပြီး နှစ်ပေါင်းများစွာ လည်ပတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့ပြင်သူတို့ကို အီရန်ယဉ်ကျေးမှုနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေ၊ ဥပမာအားဖြင့် ကျွမ်းကျင်ပညာရှင်တွေကို ရှာဖွေစုစည်းခြင်း၊ ကွန်ရက်တွေ တည်ဆောက်ခြင်းနဲ့ ကျွမ်းကျင်တဲ့ အီရန်နိုင်ငံသားတွေ နိုင်ငံကနေ ထွက်သွားအောင် ကူညီပေးခြင်းတို့မှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။
Source:Reuters











