မကွေးတိုင်း၊ ပေါက်မြို့မှာ စင်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်က PDF လို့စွပ်စွဲပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့ အောင်တံခွန်ရပ်ကွက်မှာ မနေ့ နေ့လယ်က စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ကိုကျော်ရဲထွေးနဲ့ မမေဇင်ထွေး(ခ)ဝိုင်းချစ်တို့ကို PDF သင်တန်းဆင်းလို့ စွပ်စွဲပြီးဖမ်းဆီးသွားကြတာလို့ ပေါက်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ ၂ ယောက်ကိုတော့ ပေါက်မြို့ မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။ သေချာတာကတော့ မတရား ညှဉ်းပန်းနှိပ်စက်တာခံရတော့မှာပါ။ ပေါက်မြို့မှာ မြို့ခံပြည်သူတွေအပါဝင် ခရီးသွားပြည်သူတွေကို စစ်(...)တွေက နေ့စဉ်နဲ့အမျှ မတရားဖမ်းဆီးနေကြတာ” လို့ ဆိုပါတယ်။
“အဆိုးဆုံးကတော့ သရက်တောဂိတ်ပဲဗျ။ အဲဒီဂိတ်ကတော့ ယောဒေသကို သွားတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို စစ်ဆေးနေပြီး ကားသမားတွေဆီက ငွေကြေးတောင်းခံတာတွေ မတရားဖမ်ဆီးပြီး ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်” လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ နိုင်ငံတဝှမ်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၃၄၀ ယောက်ရှိပြီး အဲဒီထဲက ၁၄၄၈ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။