DVB Logo
Home
မြန်မာသတင်း
PDF ရဲဘော်များအဖြစ် တာဝန်ထမ်းနေကြသည့် CDM စစ်သား၊ ရဲသား ၁၇ ဦးကို NUG ဂုဏ်ပြု(ဓာတ်ပုံ)
DVB
·
September 12, 2022
PDF ရဲဘော်များအဖြစ် တာဝန်ထမ်းနေကြသည့် CDM စစ်သား၊ ရဲသား ၁၇ ဦးကို NUG ဂုဏ်ပြု(ဓာတ်ပုံ)
1 / 5
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တွေအနေနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ CDM စစ်သားနဲ့ ရဲသား ၁၇ ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလိုက်ပါတယ်။

ဒီအခမ်းအနားကိုတော့ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းနဲ့ အမှတ် ၅ တပ်ရင်းတွေမှာ CDM ဝင်ရောက်လာပြီး PDF ရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်နေကြသူတွေကို ချီးကျုးဂုဏ်ပြုခဲ့တာလို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က“ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားလုံးကို အမျိုးသား ညီညွတ်ရေး အစိုးရက ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူတယ်… ပြည်သူ့သားသမီးများပီပီ ပြည်သူဘက်က ရပ်တည်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ရဲဘော်တို့ရဲ့ အသိဉာဏ်ပညာအတွက် ဂုဏ်ယူ လေးစားကြောင်း ပြောလိုတယ်… အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအဖြစ် ခံယူပြီး ဖြစ်ရုံမက လက်တွေ့တော်လှန်ရေးမှာ ပါဝင်နေကြပြီးလည်း ဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်… စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံသာမက အခုဆိုရင် စစ်တိုက်နိုင်စွမ်းလည်း မရှိ၊ အပြစ်မဲ့ပြည်သူကိုရန်ရှာပြီး မီးရှို့သတ်ဖြတ်ဖို့သာတတ်နိုင်တော့တဲ့ လက်မရွံ့ လူသတ်၊ ဓါးပြဂိုဏ်း အဆင့်ကိုလျောကျသွားခဲ့ပြီလည်းဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့ နေဝင်ချိန် မဝေးတော့ဘူးဆိုတာကို ပြတယ်… စစ်အုပ်စုကို အနိုင်ယူပြီး ပြည်သူနဲ့အတူ အောင်ပွဲခံကြမယ်။ ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်”လို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အဆိုပါ ​CDM ရဲဘော်တွေဟာ ဂန့်ဂေါခရိုင် အမှတ် ၃ နဲ့ အမှတ် ၅ တပ်ရင်းတွေမှာ အချိန် ၁ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ CDM ပြုလုပ်ချိန်မှာ ယူဆောင်လာတဲ့ လက်နက်တွေ အပ်နှံတာ၊ CDM ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013