ဆောက်သမ်တန် အသင်းခေါင်းဆောင်ဟောင်း ဂျန်ဘက်နာရက်နဲ့ မိသားစုဟာ ပေါ်တူဂီနိုင်ငံရှိ သူ့နေအိမ်မှာ ဓားပြတိုက်ခံခဲ့ရပြီး ပေါင် ၁၃၀,၀၀၀ ဖိုးရှိတဲ့ ရတနာပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။
သောကြာနေ့ညပိုင်းက ဘက်နာရက်ဟာ ဇနီး၊ သမီးဖြစ်သူတို့နဲ့အတူ စားသောက်ဆိုင်ကအပြန် အိမ်အရောက်မှာ ဓားကိုင်ထားတဲ့ လူဆိုးတယောက်နဲ့ ထိပ်တိုက်တိုးခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ပိုလန်နောက်ခံလူ ဘက်နာရက်နဲ့ မိသားစုဝင်တွေ တစုံတရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိဘဲ လက်ရှိမှာ ပေါ်တူဂီရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
လက်ရှိ ပေါ်တိုအသင်းမှာ ကစားနေတဲ့ဘက်နာရက်ဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။










