DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
DVB
·
September 12, 2022
စစ်ကိုင်းမြို့နယ်၊  ညောင်ပင်ဝန်းကျေးရွာ ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာရဲစခန်းကို စက်တင်ဘာ ၁၀ ရက်  မွန်းတည့် ၁၂ နာရီလောက်က ဒရုန်းနဲ့  နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပထမအကြိမ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက် အပြင်းထန်ဒဏ်ရာရသွားပြီး ဆေးရုံပို့ဆောင်ဖို့ ကားပေါ်တင်နေစဉ်မှာပဲ ဒုတိယအကြိမ် ဗုံးသီးချတိုက်ခိုက်ခံရလို့ ကားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

Knight Commanders အဖွဲ့က တာဝန်ရှိသူတဦးက "မန္တလေး - မုံရွာလမ်းမှာ စစ်ဆေးရေးဆိုပြီး ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေဆီက ငွေညှစ်တောင်းတာတွေ ညောင်ပင်ဝန်းစခန်းက ကောင်တွေက အမြဲလုပ်နေတာတွေရှိတယ်။  အခုလည်း ဒရုန်းနဲ့ တိုက်ခိုက်လို့အပြီးမှာ တပ်အင်အားဖြည့်ပြီး လမ်းသွားပြည်သူတွေကို စစ်ဆေးတာတွေနဲ့ ရွာပတ်လည် အရပ်ဝတ်နဲ့ ကင်းပုန်းချတာတွေ လုပ်နေကြတယ်"  လို့ ပြောပါတယ်။

အဲ့ဒီဒရုန်းစစ်ဆင်ရေးကို Knight Commanders  ( PDF ) အပါအဝင် Black Dragon (Special Task Force ၊ တိုက်နယ်စွန် ( PDF ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

‌ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း ညောင်ပင်ဝန်းရဲစခန်းရှေ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ  သုံး ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013