DVB Logo
Home
မြန်မာသတင်း
ဒရုန်းအဖွဲ့များအား ကူညီထောက်ပံ့ပေးရန် NUG အစိုးရကို တောင်းဆို
DVB
·
September 11, 2022
ဒရုန်းအဖွဲ့များအား ကူညီထောက်ပံ့ပေးရန် NUG အစိုးရကို တောင်းဆို
Donate to DVB

စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတဲ့ ဒရုန်းအဖွဲ့တွေကို  ကူညီထောက်ပံ့ပေးဖို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် YMB Drone Force အဖွဲ့က NUG အစိုးရကို တောင်းဆိုလိုက်ပါတယ်။ 

လက်ရှိအသုံးပြုနေတဲ့ဒရုန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ ဂျမ်ဘာကို မကျော်ဖြတ်နိုင်ဘဲရှိနေသလို အဲဒီဂျမ်ဘာကျော်ဖြတ်နိုင်ဖို့ ဒရုန်းတွေကို နည်းပညာမြှင့်တင်နေပေမယ့် ငွေကြေးအခက်အခဲ ရှိနေတာကြောင့် NUG အနေနဲ့ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုတာလို့ YMB Drone Force အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

YMB Drone Force အနေနဲ့ လက်ရှိအချိန်ထိ အွန်လိုင်းပေါ် ပေ့ချ်ထောင် အလှူခံခြင်းမျိုးလည်း ပြုလုပ်ခဲ့တာမရှိသလို ခက်ခဲပင်ပန်းနေတဲ့ပြည်သူတွေဆီကလည်း အလှူမခံချင်တာကြောင့် NUG အစိုးရဆီ တိုက်ရိုက်အကူညီတောင်းခံတာလို့ပြောပါတယ်။

YMB Drone Force အနေနဲ့ စစ်အာဏာရှင်ကိုတော်လှန်တိုက်ပွဲဝင်လတဲ့ ၁ နှစ်ကျော် ကာလအတွင်း NUG အစိုးရဆီက  ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်နေ့က ဒရုန်းပြင်ဆင်စရိတ် ကျပ် ၅၅ သိန်ရခဲ့ဖူးပြီး အကူအညီထပ်တောင်းထားပေမဲ့  NUG ဘက်က တစုံတရာအကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

YMB Drone Force အဖွဲ့အနေနဲ့  စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် PDF တပ်ရင်းတပ်ဖွဲ့တွေကို ဒရုန်းအသုံးပြုနည်း မျှဝေသင်ကြားပေးနေရာမှာ စက်တင်ဘာ ၁၀ ရက်က အမှတ်စဥ်(၃) သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၃ ရက်ကစတင်ပြီး ၈ ရက်ကြာမြင့်ခဲ့ကာ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ မုံရွာမြို့နယ်တို့က ရဲဘော် အယောက်  ၂၀ သင်တန်းတက်ရောက်ခဲ့တယ်လို့ သင်တန်းဆင်း PDF ရဲဘော်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013