DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ဖြတ်သန်းခ ကောက်ခံမည့်အစီအစဉ် ထရမ့်ပ် ရုပ်သိမ်း
DVB
·
July 15, 2026
Photo: REUTERS/Kevin Lamarque/File Photo
Photo: REUTERS/Kevin Lamarque/File Photo
Donate to DVB

ဟော်မုဇ်ရေလက်ကြားသင်္ဘောဖြတ်သန်းခ ၂၀ ရာခိုင်နှုန်း ကောက်မဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။​

ဟော်မုဇ်ရေလက်ကြားမှာ ကြီးမားတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြားမှာ အခွန်ကောက်မယ်လို့ ထရမ့်ပ်က အရင်က ပြောခဲ့တာပါ။

ဒါပေမဲ့ လက်ရှိ အချိန်မှာ ထရမ့်ပ်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုတွေ ဆက်ပြုလုပ်မှာဖြစ်ပြီး စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားတဲ့ အီရန် ရေကြောင်း ပြိုကွဲအောင် အမေရိကန်က ထိုးစစ်ဆင်နေပါတယ်။

အမေရိကန်၊ အီရန် တိုက်ခိုက်မှုတွေ ပြန်စတင်ပြီးနောက် ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်ရတာကြောင့် ရေနံဈေးနှုန်းတွေ ပြန်တက်လာပါတယ်။

ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကြောင့် အမေရိကန်က ထပ်မံတိုက်ခိုက်မှုတွေ လုပ်မယ်လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

အမေရိကန်ဟာ တတိယညအထိ တူညီတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အလယ်ပိုင်းစစ်ဌာနချုပ်က ပြောထားပါတယ်။

အီရန်နိုင်ငံပိုင်မီဒီယာကတော့ နျူကလီးယားစွမ်းအင်စက်ရုံရှိတဲ့ ဘာရှား အပါအဝင် တခြားမြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ယူကရိန်းအခြေစိုက် အမေရိကန်တပ်တွေကို တိုက်ခိုက်ပြီးနောက် ဘာရိန်း၊ ဂျော်ဒန်နိုင်ငံ တို့ရှိ အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ကြေညာပါတယ်။

လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာမှာ ဟော်မုဇ်ရေလက်ကြားဟာ ၂ နိုင်ငံစလုံးအတွက် အရေးပါလာပါတယ်။

အမေရိကန်က ဟော်မုဇ်ကို ကြားဝင်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ အီရန်က စွပ်စွဲထားပါတယ်။​ ဟော်မုဇ်ဟာ ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နိုင်တဲ့ နေရာဖြစ်ပြီး အီရန်က ထိန်းချုပ်ထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013