DVB Logo
Home
မြန်မာသတင်း
ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
September 11, 2022
ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့တွင်  စစ်ကောင်စီတပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေမှာ ကင်းစခန်းနဲ့ ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ်၊မြင်းဒေါင်းကျေးရွာအရှေ့ဘက် မူးတိမ်ချောင်းအနီးက စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်းကို မနေ့မနက် ၆ နာရီခွဲက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးပစ်ချခဲ့ရာမှာ စစ်သား ၅ ယောက် နေရာတင် သေဆုံးသွားပြီး ၄ ယောက်က ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

Dragon Urban Guerrilla (KU Dragon ) မှ တာဝန်ရှိသူတစ်ဦးက "အဲ့ဒီ ကင်းစခန်းက ရန်သူတပ်ဖွဲ့ဝင် ၅ ယောက်ပွဲချင်းပြီးသေတယ်။ အဲ့ဒီမှာ ဒေသခံပျူအဖွဲ့တွေရှိတယ်။ ဗုံးချတဲ့အခါ သူတို့ဘက်က ပြန်ပစ်တာတွေလည်းရှိတယ်။ အလောင်းသယ်တဲ့ လမ်းတလျှောက်လည်း ကြောက်အားလန့်အား ရမ်းပစ်သွားတယ်။ အဲ့ဒီနေ့က သူတို့ဘက်က အထိနာသွားတော့ ပတ်ရမ်းနေကြတာ " လို့ ပြောပါတယ်။

ကင်းစခန်းမှာ သေဆုံးသွားတဲ့ စစ်သား ၅ ယောက်ရဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့က ရေဦးမြို့ကနေ သံပြားကာ ကားတစီးနဲ့ လာရောက်သယ်ယူသွားပြီး လမ်းတလျှောက်မှာရှိတဲ့ ရေဦး - ခင်ဦးကားလမ်းဘေးက ကျေးရွာ‌တွေကို လက်နက်ငယ်တွေနဲ့ အချက် ၅၀ ထက်မနည်း ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကင်းစခန်းမှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး ရေဦးမြို့အဝင် ကြာပန်းဝိုင်းပတ်မှ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ခင်ဦးမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ည ၁၁ နာရီအထိ လက်နက်ကြီးနဲ့ ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတရက်တည်းမှာပဲ မွန်းတည့် ၁၂ နာရီလောက်က ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအနီး မိုင်းထောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဗုံးသီး ၇ လုံးချ တိုက်ခိုက်ခဲ့ရာမှာ စုစုပေါင်း ၃ ဦးသေဆုံးသွားပြီး အများပြား ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို D.U.G.F(KU Dragon) အဖွဲ့အပါအဝင် Wolf Guerrilla(Ye-U) ၊ NORTHERN TIGERS GROUP(NTG)၊ Brothers of Lands Defense Force (BLDF)၊ Hero Army(Khin-U)၊ NAA-DF ၊ Burmese Revolution Youths ၊ Fire Dragon(Khin-U) ၊ Eagle Defense Force ၊ Weapons & Ammunitions Production Force(Khin U) ၊ One Day Revolution Force(Shwe Bo) ၊ ရွှေဘိုမြို့နယ် ပကဖအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ကလည်း ရေဦးမြို့နယ် အင်းပတ်ဂွေ့မှာ ကင်းချပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချကာ တိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း စစ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013