DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် စစ်ပြေး ၃ ဦးက PDF အယောင်ဆောင် ဓားပြတိုက်
DVB
·
September 11, 2022
အင်းတော်တွင် စစ်ပြေး ၃ ဦးက  PDF အယောင်ဆောင် ဓားပြတိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နာရခေါင်ကျေးရွာရှိ နေအိမ်တအိမ်ကို စက်တင်ဘာ ၉ ရက် ည ၁ နာရီဝန်းကျင်လောက်မှာ ပုဆိုးခြုံထားသူ သုံးယောက်က  PDF လို့ ပြောဆိုကာ ဓားပြတိုက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ည ၁ နာရီ‌အချိန်‌လောက် ကျနော်တို့ အင်းတော်မြို့နယ် နားရခေါင်ရွာကနေ PDF ဆိုပြီး ဓားပြတိုက်သွားတာပါ အခု ၁၂ ခွဲလောက်ကျတော့ ထီးချိုင့်မှာ မိထားပြီလို့အကြောင်းကြားခဲ့တယ် သုံး ယောက်လုံး စစ်ပြေးတွေတဲ့ဗျ။ ဆိုင်ကယ် ၁ စီးနဲ့ ဖုန်း ၁ လုံးပါသွားတယ်။ ရိုက်နှက် ခံရတာတော့မရှိပါဘူး " လို့ IR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

PDF အယောင်ဆောင် ဓားပြတိုက်သူ စစ်ပြေး သုံးယောက်ဟာ အင်းတော်မြို့နယ် နဘားဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကသာတပ်ရင်း-၃၀၁ စစ်ကြောင်းက ဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ကို ထီးချိုင့်မှာ ဖမ်းမိထားကာ အမည် ကိုယ်ပိုင်နံပါတ်တွေမသိရသေးပါဘူး။ ဓားပြတိုက်သူမှာ သေနတ်တော့ပါမလာပေမဲ့ အိမ်ရှင်တွေကကြောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းပေးလိုက်ရတယ်လို့ နီးစပ်သူထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013