DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး တိုကျိုမြို့တွင် တောင်းဆို ဆန္ဒပြ
DVB
·
September 10, 2022
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး တိုကျိုမြို့တွင် တောင်းဆို ဆန္ဒပြ
1 / 11
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ်  ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆက်လက်အတည်ပြုခန့်အပ်နိုင်ရေး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက စက်တင်ဘာ ၉ ရက်မှာ ဆန္ဒပြကြ တောင်းဆိုကြပါတယ်။

ဒီလှုပ်ရှားမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် စောဘလှနဲ့ ရုံးအဖွဲ့ဝင်တွေပါဝင်ခဲ့ကြပြီး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အရေး မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဂျပန်ရောက်မြန်မာအဖွဲ့အစည်း ၅၄ ဖွဲ့ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့စာကို တိုကျိုကုသမဂ္ဂရုံးတာဝန်ခံက တဆင့် ကုလသမဂ္ဂ စိစစ်လက်ခံရေး Credential ကော်မတီထံ ပေးပို့ခဲ့ပါတယ်။

NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းက “အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချနိုင်ဖို့ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးက အရမ်းအရေးကြီးတယ်။ ဒါကြောင့်ပြည်တွင်းပြည်ပမှာ အခုလို ဆန္ဒဖေါ်ထုတ်လှုပ်ရှားမှုတွေ ပြုလုပ်နေရတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာသာမက မြန်မာနိုင်ငံအတွင်းမှာပါ အခုလိုတောင်းဆိုမှုတွေ ပြုလုပ်နေတာဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အတည်ပြုခန့်အပ်နိုင်ရေးက ယခုလအတွင်းမှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့  Credentials ကော်မတီက ဒီလထဲ စဉ်းစားဆုံးဖြတ်မှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း သူတို့ကိုယ်စားလှယ်ကို လက်ခံဖို့တောင်းဆိုထား တာကြောင့် အခုကိစ္စက သံခင်းတမန်ခင်းတိုက်ပွဲတခုဖြစ်လို့ အရမ်းအရေးကြီးပေမဲ့ သတ်မှတ်ချက်တွေမှာ ဦးကျော်မိုးထွန်းဘက်က အရေးသာနေတယ်လို့ CDMသံအရာရှိ ဦးအောင်စိုးမိုးက ပြောပါတယ်။

ကမ္ဘာနိုင်ငံအသီးသီးမှာ အလားတူလှုပ်ရှားမှုတွေပြုလုပ်ကြမှာဖြစ်သလို ဂျပန်နိုင်ငံမှာလည်း စက်တင်ဘာ ၁၁ ရက်နေ့ မြို့ကြီး ၈ မြို့မှာ တပြိုင်နက်တည်း ချီတက်ဆန္ဒပြကြဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013