DVB Logo
Home
နိုင်ငံတကာ
ဂျပန်နိုင်ငံ၏ အလှစံနှုန်းများကို စိန်ခေါ်နေသည့် မယ်ဗလများ
DVB
·
November 13, 2025
ဂျပန်နိုင်ငံ၏ အလှစံနှုန်းများကို စိန်ခေါ်နေသည့် မယ်ဗလများ
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ ဘားတွေမှာ ကျွဲကောသီးတွေညှစ်ပြီး ဖျော်ရည်ဖျော်ပေးတာ၊ ကြံ့ခိုင်မှုတွေပြပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မယ်ဗလကြီးတွေကတော့ ဂျပန်နိုင်ငံရဲ့ အလှစံနှုန်းတွေကို စိန်ခေါ်နေတဲ့သူတွေပဲ ဖြစ်ပါတယ်။

Muscle Girls လို့ခေါ်တဲ့ ကြံ့ခိုင်ရေးခေါင်းစဉ် တပ်ထားတဲ့ အမျိုးသမီးဝန်ထမ်းတွေရဲ့ ဘားကတော့ ထူးခြားမှုတွေနဲ့ ပြည့်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ သမားရိုးကျ အမျိုးသမီး အလှအပတွေနဲ့ လုံးဝမတူတဲ့ ဒီဘားဟာ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်း‌ဖောက်သည်တွေအတွက် အဓိကဆွဲဆောင်ရာနေရာပဲ ဖြစ်ပါတယ်။

ဘားမန်နေဂျာက “ဂျပန်နိုင်ငံရဲ့ အမျိုးသမီးတွေဟာ သွယ်လျပြီး သေးသွယ်တဲ့ ခြေထောက်တွေ ရှိကြပါတယ်။ ဒီကိုလာတဲ့သူတွေကတော့ ဂျပန်အမျိုးသမီးတွေကို မယ်ဗလကြီးတွေအဖြစ် တွေ့ရမှာပါ” လို့ ပြောပါတယ်။

Muscle Girls ဘားက ဆိုရှယ်မီဒီယာမှာ ၂၀၂၀ နှစ်လယ်လောက်မှာ ခေတ်စားခဲ့ပြီး တနေ့ကို လူ ၁၀၀ လာရောက်လေ့ရှိပြီး အများစုက နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။

ဒီဘားမှာ ပရိုတိန်းရှိတ် အပါအဝင် အဖျော်ရည်မကာတွေ သောက်နိုင်ပြီး မိနစ် ၈၀ အတွက် ဒေါ်လာ ၄၀၊ ယန်း ၆,၀၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ပိန်တဲ့မိန်းကလေးတွေက လှပတယ်ဆိုတဲ့ ခံယူချက် ရှိခဲ့ဖူးပါတယ်။ လက်ရှိ ဂျပန်နိုင်ငံရဲ့ အရွယ်ရောက်ပြီး အမျိုးသမီး ၉ ရာခိုင်နှုန်းဟာ အဝလွန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ အမေရိကန်၊ ဂျာမနီနိုင်ငံတို့နဲ့ ယှဉ်ရင် ၅ ဆကျော် ပိုများနေတာ ဖြစ်ပါတယ်။

အဝလွန်တာက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆရာဝန်တွေက သတိပေးထားသလို ပိန်လွန်းတာကလည်း အာဟာရမပြည့်ဝဘူးလို့ သတိပေးမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။

ဒါ့ကြောင့် Muscle Girls က မယ်ဗလကြီးတွေဟာ ဂျပန်နိုင်ငံရဲ့ အလှစံနှုန်းတွေကို သတ်မှတ်မှုနဲ့ ဘယ်အရာက လှပတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013