DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ရက်ပေါင်း ၅၈၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
DVB
·
September 9, 2022
ကလေးမြို့တွင် ရက်ပေါင်း ၅၈၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျေးရွာတရွာမှာ စက်တင်ဘာ ၉ ရက်က ကလေးပင်မသပိတ်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး ဒေသခံတွေ၊‌ ကျောင်းသားလူငယ်တွေနဲ့အတူ ရက်ပေါင်း ၅၈၀ ပြည့် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီက သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးစစ်ဆေးနေပြီး အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ရိုက်ထုဖျက်ဆီးတဲ့ကြားကနေ အခက်အခဲအမျိုးမျိုး‌နဲ့ နေအိမ်စွန့်ခွာပြီး လုပ်ဆောင်နေကြရတာပါ။

အဲ့ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတွေက “Accept NUG Our Ambassador, Reject Dictator”၊ “ကလေးမြို့ကို လုံးဝ အုပ်ချုပ်ခွင့် မရစေရ” စတဲ့စာတန်းတွေ ကိုင်ဆွဲကာ လူအင်အားအများအပြားနဲ့ စစ်အာဏာရှင်စနစ်ကို ကြွေးကြော် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်နေတာ ရက်ပေါင်း ၅၈၀ ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုတွေ အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ မိဘပြည်သူတွေအနေနဲ့ ငြိမ်ခံမနေဘဲ လမ်းမပေါ်တက်ကာ အလံနဲ့ အသံကြားရာ အရပ်ကနေ သပိတ်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ ကလေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့ဝင်တွေက တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013