DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ၌ တလအတွင်း တိုက်ပွဲပေါင်း ၂၆၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၃ ဦး သေဆုံး
DVB
·
September 9, 2022
ကေအန်ယူနယ်မြေ၌  တလအတွင်း တိုက်ပွဲပေါင်း  ၂၆၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၃ ဦး သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဩဂုတ်လ တလတာအတွင်းမှာ တိုက်ပွဲပေါင်း ၂၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၃၃ ယောက် သေဆုံးကာ ၂၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

တလအတွင်းမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်တို့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း KNLA နဲ့ KNDO တပ်ဖွဲ့ဘက်ကလည်း   ၄ ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒီတလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက ပြည်သူနေထိုင်ရာ ကျေးရွာ၊ လုပ်ငန်းခွင်တွေကို လက်နက်ကြီးတွေနဲ့ ၃၇၃ လုံး ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်တွေနဲ့ ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်သူနေထိုင်ရာ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာ၊ လေယာဉ် ဗုံးကြဲတာတွေကြောင့် ပြည်သူ ၉ ယောက် သေဆုံးခဲ့ရပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း ကေအန်ယူဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေအိမ် ၁၆ လုံးထိခိုက်ပျက်စီးခဲ့ရသလို စစ်ကောင်စီဘက်က ပြည်သူ ၉၇ ယောက်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင် ခြိမ်းခြောက်ပေါ်တာဆွဲပြီး လူသားဒိုင်းကာအနေနဲ့ အသုံးပြုခဲ့ကြောင်းလည်း ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013