DVB Logo
Home
မြန်မာသတင်း
စစ်တွေ၌ ၈၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို လုံခြုံရေးတင်းကျပ် ကျင်းပ
DVB
·
September 9, 2022
စစ်တွေ၌ ၈၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို လုံခြုံရေးတင်းကျပ် ကျင်းပ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ  ဦးဥတ္တမပန်းခြံမှာ ၈၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို  စက်တင်ဘာ ၉ ရက် ဒီနေ့မနက်က ကျင်းပခဲ့ပြီး စစ်ကောက်စီလက်အောက်ခံ ပြည်နယ်အာဏာပိုင်တွေက လွမ်းသူ့ပန်းခွေ လာချခဲ့တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပနိုင်ဖို့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၄ ရက်ကတည်းက စစ်တွေ အ.ထ.က ၂ မှာ ပြုလုပ်တဲ့ ပန်းချီပြိုင်ပွဲနဲ့ စာစီစာကုံးပြိုင်ပွဲက ဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။

ဒေသခံတယောက်က “မနေ့က ရဲအရာအရှိတဦး ပစ်သတ်ခံထားရတယ်ဆိုတော့၊ စည်ကားတာလည်း ကျသွားတယ်။ လုံခြုံရေးကတော့ အထူးတင်းကျပ်တားတယ်” လို့ ပြောပါတယ်။

ဆရာတော်ဦးဥတ္တမဟာ မြန်မာနိုင်ငံ နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး ဦးဆောင်ကာ မြန်မာတမျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် နိုင်ငံရေးမျိုးစေ့ စတင်ချပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတော်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအမှုနဲ့ ပထမဆုံး အကျဉ်းကျခံခဲ့ရသူဖြစ်ပြီး ထောင်မှလွတ်မြောက်လာပြီးနောက် မြန်မာပြည်အနှံ့ နိုင်ငံရေးတရားတွေ ဟောပြောခဲ့တာကြောင့် နောက်ထပ် ၃ ကြိမ်တိုင် ထောင်ကျခဲ့ပါ‌သေးတယ်။

ဆရာတော်ဟာ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က ညောင်တုန်းဘုန်းကြီးကျောင်းမှာ ဆီးချိုရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော် ပျံလွန်တော်မူတဲ့နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင်တမျိုးသားလုံးက အသိအမှတ်ပြုကာ အောက်မေ့ဖွယ် အခမ်းအနားတွေ နှစ်စဉ်ကျင်းပလာခဲ့ရာမှာ ၈၃ နှစ်အထိ ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013