DVB Logo
Home
မြန်မာသတင်း
လက်လုပ်ဗုံးသီး ၃၀၀ ထုတ်လုပ်ထားဟု ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းပြော
DVB
·
September 8, 2022
လက်လုပ်ဗုံးသီး ၃၀၀ ထုတ်လုပ်ထားဟု ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းပြော
Donate to DVB

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း (Golden Triangle Force - GTF) က ‘မမ ၅၀၀ နဲ့ ပွဲကကြမယ်’ မစ်ရှင်လုပ်ဆောင်ဖို့ လိုအပ်တဲ့ မမ လက်လုပ်ဗုံးသီး ၃၀၀ ထုတ်ထားနိုင်ပြီလို့ သိရပါတယ်။

ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း (GTF) တာဝန်ရှိသူက “မမ ၅၀၀ နဲ့ ပွဲကကြမယ် မစ်ရှင်က စစ်ကိုင်းတိုင်းထဲက ပျူရွာတရွာကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ အဲဒီ ပျူရွာက သူတို့နဲ့နီးစပ်တဲ့ ရွာ ၁၁ ရွာလောက်ကို ဝင်မွှေတယ်။ ရိက္ခာတွေ ဓားပြတိုက်တယ်။ လူတွေသတ်တယ်။ အိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေယူတယ်။ ပြီးရင် အိမ်တွေကို မီးနဲ့ရှို့တယ်။ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေလို့ပါ။ ဒီကမ်ပိန်းကို လုပ်နေတာ ၃ ပတ်ရှိပါပြီ။ တိုက်ပွဲရက်ဆက်နေတာနဲ့ ကုန်ကြမ်းတွေ ဈေးကြီးလာတာကြောင့် နှောင့်နှေးနေရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗုံးသီး ၁ လုံးကို ၅၀,၀၀၀ နဲ့ ၇၀,၀၀၀ ကြားမှာရှိပြီး ဖောက်ခွဲရေးမိုင်း ကုန်ကြမ်းဝယ်ယူရာမှာ ပြီးခဲ့တဲ့နှစ်က ၅၀ ကီလိုဂရမ်ကို ကျပ်ငွေ ၂၇၀,၀၀၀ ဝန်းကျင် ပေးရပြီး လက်ရှိအချိန်မှာ ၁,၀၅၀,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း (GTF) စာမျက်နှာမှာ လာရောက်လှူဒါန်းကြတဲ့ ပြည်သူတွေရဲ့ ထောက်ပံ့ပေးတဲ့ ငွေကြေးတွေနဲ့ အကောင်အထည်ဖော်နေတာဖြစ်ပြီး မမ ဗုံးသီး ၂၀၀ ကိုလည်း ဆက်လက်ထုတ်လုပ်နေတယ်လို့ GTF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ မစ်ရှင်အတွက် ၆၀ မမနဲ့ ၁၂၀ မမ ဗုံးသီးတွေကို အဓိကထား ထုတ်လုပ်နေပြီး တခြားမဟာမိတ် အဖွဲ့အစည်းတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ပြည်သူတွေကလည်း နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013