DVB Logo
Home
မြန်မာသတင်း
ငါးမြစ်ချင်းများကို ဘင်္ဂလားဒေ့ရှ်သို့ စစ်တွေမှတဆင့် တင်ပို့နေရ၍ ကုန်သည်များအခက်တွေ့
DVB
·
September 7, 2022
ငါးမြစ်ချင်းများကို ဘင်္ဂလားဒေ့ရှ်သို့ စစ်တွေမှတဆင့် တင်ပို့နေရ၍ ကုန်သည်များအခက်တွေ့
Donate to DVB

နယ်စပ်မြို့တခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ကုန်တင်ပို့ရာ လမ်းပိုင်းတွေကို စစ်ကောင်စီက အကန့်သတ်မရှိ ပိတ်ထားတဲ့အတွက် ငါးမြစ်ချင်းငါးတွေကို စစ်တွေမြို့မှ ရေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တင်ပို့နေရတာကြောင့် ငါးမြစ်ချင်းကုန်သည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ငါးမြစ်ချင်းတင်ပို့နေတဲ့ ကုန်သည်တယောက်က “မောင်တောကို သွားမရတော့ စစ်တွေကတဆင့် တင်ပို့နေရတယ်။ စစ်တွေကဆိုတော့ ခရီးကဝေးတယ်။ ရန်ကုန်က အအေးခန်းကားတွေနဲ့ ရောက်လာတဲ့ ငါးတွေကို စစ်တွေမှာ ရေခဲပြန်ရိုက်ရတယ်။ ငါးတွေ ပျက်စီးမှုတွေများတယ်။ ကုန်တင်ပို့ရတာ အချိန်ကြန့်ကြာတယ်။ အန္တရာယ်လည်း များတယ်။ မောင်တောဘက်က တင်ပို့ရတာက အချိန်မကြန့်ကြာဘူး။ ခရီးနီးတော့ အမြန်တင်ပို့နိုင်တယ်” လို့ ပြောပါတယ်။

မောင်တောဒေသမှာ ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ အခုလပိုင်းအတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာတာကြောင့် မောင်တောနယ်စပ်ကို ကုန်တင်ပို့ရာ လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားလိုက်တာပါ။

မောင်တောနယ်စပ်ကို ကုန်တင်ပို့ရာ လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မဲ့ ပိတ်ထားတာကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ငါးမြစ်ချင်းတင်ပို့မှု ကျဆင်းသွားပြီး စက်တင်ဘာ ၅ ရက်ကစပြီး ဘင်္ဂလား‌ဒေ့ရှ်ကို ငါးမြစ်ချင်းတင်ပို့မှု လုံးဝရပ်တန့်သွားခဲ့ရကြောင်း မောင်တောကုန်သည်ကြီးများအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မောင်တောကိုလာတဲ့ လမ်းတွေအားလုံး ပိတ်ထားလိုက်တော့ မောင်တောကနေ ဘင်္ဂလားကို ငါးမြစ်ချင်းတင်ပို့မှု စက်တင်ဘာလ ၅ ရက်နေ့ကတည်းက လုံးဝရပ်တန့်သွားတယ်။ အရင်လတွေကလည်း တလထက်တလ ငါးမြစ်ချင်းငါး တင်ပို့မှု ကျဆင်းခဲ့ရတယ်။”

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၂ ခုနှစ် မေလက ငါးမြစ်ချင်းတန်ချိန် ၁,၃၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာ တန်ချိန် ၁,၂၀၀ ကျော်၊ ဇူလိုင်လမှာ ၉၀၆ တန်၊ သြဂုတ်လမှာ ၈၂၆ တန်သာ တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013