DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူးကို ပြည်နှင်ဒဏ်ပေးရန် လန်ဒန်တွင် ဆန္ဒပြ
DVB
·
September 7, 2022
စစ်ကောင်စီဩဇာခံ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူးကို ပြည်နှင်ဒဏ်ပေးရန် လန်ဒန်တွင် ဆန္ဒပြ
1 / 4
Donate to DVB

ဗြိတိန်နိုင်ငံရှိ  စစ်ကောင်စီရဲ့ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်ကို မောင်းမထုတ်မချင်း လန်ဒန်မြို့မှာ Stars of Myanmar Friendship Club က ဦးဆောင်ပြီး ထိုင်သပိတ်နဲ့ ဆန္ဒပြနေကြပါတယ်။ 

စစ်သံမှူးရုံး ပိတ်သိမ်းရေးနဲ့ စစ်သံမှူး မောင်းထုတ်ရေး တောင်းဆိုတဲ့ ထိုင်သပိတ်ကို ရှစ်လေးလုံး ၃၄ နှစ်ပြည့် ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က ဗြိတိန် နိုင်ငံခြားရေးရုံးရှေ့မှာ SMFC နဲ့ Myanmar Unity Movement အဖွဲ့ ပူးပေါင်းစတင်ခဲ့ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်မှအပ နေ့စဉ် ဆန္ဒပြနေကြတာ အခုဆို ရက် ၂၀ ရှိပြီဖြစ်ပါတယ်။

အခု ထိုင်သပိတ်လှုပ်ရှားမှုကို Four 4 Freedom ကမ်ပိန်းလို့ အမည်ပေးထားပြီး ထိုင်သပိတ်နေရာဟာ နိုင်ငံတကာခရီးသွားတွေ အလာများတဲ့ ဘုရင်မနန်းတော်ကနေ ဖြတ်လျှောက် လည်ပတ်တဲ့နေရာဖြစ်လို့ ဗြိတိန်နိုင်ငံသားတွေတင်မက တခြားခရီးသွားတွေပါ မြန်မာပြည် အခြေအနေကို သိသွားစေပါတယ်။  

Stars of Myanmar Friendship Club ကို ဗြိတိန်ရောက် မြန်မာအများစုနဲ့ တခြားနိုင်ငံသားအချို့ ပါဝင်ပြီး စစ်တပ်က လူထုအာဏာ လုယူပြီးနောက်ပိုင်း စတင်ဖွဲ့စည်း ခဲ့ကြတာပါ။ SMFC စတင်ဖွဲ့စည်းချိန်က အဖွဲ့ဝင် သုံးဦး လမ်းလျှောက်ပြီး ရန်ပုံငွေရှာတာမှာ စတာလင်ပေါင် ၇၀၀၀ ကျော်ရခဲ့ပြီး အဲဒီအချိန်က အဓိကဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်းတွေကို ကူညီနိုင်ခဲ့ပါတယ်။

ဒါ့ပြင် နွေဦးတော်လှန်ရေးမှတ်တမ်း ဓာတ်ပုံပြပွဲတွေကို ဗြိတိန်နိုင်ငံ ဒေသ ၄ ခုမှာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံးဓာတ်ပုံပြပွဲမှာ ဟောင်ကောင် လွတ်မြောက်ရေးလှုပ်ရှားသူတွေနဲ့ပါ ပူးပေါင်းနိုင်ခဲ့လို့ နိုင်ငံတကာ အသိမှတ်ပြုမှု ပိုရလာတယ်လို့ SMFC တာဝန်ရှိသူက ပြောပါတယ်။

လန်ဒန်နဲ့ အနီးတဝိုက်က မြန်မာတွေအနေနဲ့ သူတို့ရဲ့ ထိုင်သပိတ်မှာ လာရောက်ပူးပေါင်းကြဖို့လည်း SMFC က ဖိတ်ခေါ်ထားပါတယ်။ 

ဓာတ်ပုံ-SMFC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013