DVB Logo
Home
မြန်မာသတင်း
အုတ်တွင်းမြို့နယ်တွင် ၇ တန်းကျောင်းသူတဦး ကိုဗစ်ရောဂါဖြင့် သေဆုံး
DVB
·
September 6, 2022
အုတ်တွင်းမြို့နယ်တွင် ၇ တန်းကျောင်းသူတဦး ကိုဗစ်ရောဂါဖြင့် သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ အထက်တန်းကျောင်းက Grade-8 တက်နေတဲ့ ကျောင်းသူတဦး စက်တင်ဘာလ ၆ ရက် မနက်ပိုင်းက ကိုဗစ်ရောဂါနဲ့ နေပြည်တော် ခုတင် ၁၀၀၀ မှာ သေဆုံးခဲ့ပြီး ကျောင်းကို စစ်ကောင်စီအလိုကျ ဆက်လက်ဖွင့်လှစ်နေတာကြောင့် မိဘတွေ စိုးရိမ်ပူပန်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အုတ်တွင်းမြို့ အထက်တန်းကျောင်းမှာ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီက  ၇ တန်း ကျောင်းသူတဦး သတိမေ့မြောပြီး ဆေးရုံအဆင့်ဆင်ပို့ရာမှ နေပြည်တော်ခုတင် ၁၀၀၀ ရောက်ပြီး စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတာလို့ ရင်ခုန်သံရှင်ရေး ကူညီမှုအသင်း တာဝန်ရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ဆယ်နာရီမှာ သတိလစ်တယ်။ အုတ်တွင်းက ဆေးခန်းကို ပြတယ်၊ မရဘူး၊ တောင်ငူဆေးရုံ ပို့တယ်။ အဲဒီကနေ နေပြည်တော်ကိုလွှဲတယ်။ ကလေးက နှုတ်ခမ်းတွေပြာနေပြီလေ။ နေပြည်တော်လွှဲတော့ တခြားပရဟိတအသင်းနဲ့ချိတ်ပြီး ပို့ပေးတယ်။ ဒီနေ့ မနက် ၆ နာရီလောက်မှာ ဆုံးသွားတယ်။” 

နေပြည်တော်ခုတင် ၁၀၀၀ မှာ သေဆုံးသွားတဲ့ ကျောင်းသူရဲ့ Dade Body ကို ပြန်တောင်းရာမှာ ကိုဗစ်နဲ့သေဆုံးလို့ ချက်ချင်းသင်္ဂြိုဟ်လိုက်တယ်လို့ ပြောကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုပါတယ်။

“နေပြည်တော်က ကိုဗစ်နဲ့သေတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ဆက်တော့လည်း ကိုဗစ်နဲ့ ဆုံးတယ် ပြောတယ်။ မြို့နယ်ကျန်းမာရေးက ကလေးမိဘနဲ့ ဆက်စပ်တဲ့သူတွေ စစ်တော့ ကိုဗစ်ပိုးမတွေ့တာနဲ့ ကလေးကို အကောင်ကိုက်လို့ သေတယ်ဆိုပြီးလုပ်ရော ဘယ်အရာက အမှန်လဲ။ နေပြည်တော်က ထွက်တဲ့အဖြေကိုလည်း ကျန်းမာရေးက မငြင်းရဲဘူး။” 

လက်တလောမှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တဲ့  ၇ တန်းကျောင်းသူ နေထိုင်ရာ ကြက်သွန်ခင်း ၂ ရပ်ကွက်က နေအိမ်ကို အသွားအလာကန့်သတ်ထားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အိမ်တွေလည်း အသွားအလာကန့်သတ်ထားတယ်။ ကျောင်းကိုတော့ မပိတ်ဘူး။ အခုထိ ဆက်ဖွင့်နေတယ်။ မိဘတွေက စိတ်ပူနေတယ်။ ကျောင်းသားတွေကိုတော့ ကိုဗစ် မစစ်ရသေးဘူး။” 

မိဘတွေ စိတ်ပူပန်နေပေမဲ့ ကျောင်းဘက်က တာဝန်ရှိသူတွေက စစ်ကောင်စီအလိုကျ သေဆုံးသူမှာ အကောင်ကိုက်တာကြောင့် သေတယ်ဆိုကာ သတင်းလွှင့်ပြီး ကျောင်းကို ဆက်ဖွင့်နေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ပဲခူးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ကိုဗစ်ရောဂါနဲ့အမျိုးသား ၁ ဦး သေဆုံးခဲ့တဲ့အပြင် ကိုဗစ်ပိုးတွေေ လူနာအချို့လည်း အခုရက်ပိုင်းအတွင်း ပြန်လည်တွေ့ရှိနေတယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013