DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
September 4, 2022
ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနောက်ထိပ်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၃ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့အင်အား ၁၅ ယောက် ခန့်ရှိ ပြီး တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့  တန့်ဆည်ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Phoenix Defence Force - TaZe က စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Phoenix Defence Force - TaZe တာဝန်ရှိသူတဦးက "ကာဘိုးဂိတ်ရှိတဲ့ စကစတပ်ကောင်တွေက အတင်းအဓမ္မငွေကြေးတောင်းခံ ရုံတင်မကဘူး၊ မထင်ရင် ရိုက်နှိက် နှိပ်စက်တာတွေက အစရှိတယ်။ ကျနော်တို့မှာ လက်နက်အင်အားသာ အလုံအလောက်ရှိရင် ဒီထက်မက တိုက်ခိုက်နိုင်ပါတယ်။ အခု တိုက်ခိုက်မှုမှာ ရန်သူဘက်က ၄ ယောက်သေတယ်။ ကျနော်တို့ အဖွဲ့တွေထဲက ရဲဘော်တဦးကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာ အနည်းငယ်ရတာကလွဲရင် အကုန်ဘေးကင်းခဲ့ပါတယ် " လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို တန့်ဆည် PDF အမှတ် ၇ တပ်ရင်းမှ ဦးဆောင်ကာ  Phoenix Defence Force - TaZe၊ အက်တော (ပလဖ) နဲ့ မြောက်ပိုင်းမဟာမိတ် (ဓူဝံ) တို့မှ ပူးပေါင်းအင်အား ၂၅ ယောက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၄၀ မီလီမီတာကျည် ၂ လုံး ၊ 5.56 ကျည် ၅၀ တောင့် ၊ 7.62 ကျည် ၃၂ တောင့် နဲ့ ခါးချိုးကျည် ၅ တောင့်ကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ်လပိုင်းကလည်း ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ  လေကြောင်းပစ်ကူသုံးကာ ပစ်ခတ်တာ တွေလည်း ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013