DVB Logo
Home
မြန်မာသတင်း
ထားဝယ် ပခပ်ရွာအနီး စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
September 4, 2022
ထားဝယ် ပခပ်ရွာအနီး စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့တောဒေသရှိ ပခပ်ရွာအနီးမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့  Dawei Defense Team – DDT က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်က ထီးခီးနယ်စပ်မှ ထားဝယ်မြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနဲ့ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Dawei Defense Team – DDT (ထားဝယ်-ပကဖ) နဲ့ Kaw Thoo Lei Army ပူးပေါင်းစစ်ကြောင်းက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

DDT တာဝန်ရှိသူက “ခြေလျင်ထွက်လာတာက လေးငါးဆယ်လောက်ရှိတယ်။ ကျနော်တို့က အဲဒီခြေကျင်လာတဲ့ ကောင်တွေကို ဖြတ်တိုက်တာ။” လို့  ပြောပါတယ်။ 

အဆိုပါကြားဖြတ်တိုက်ခိုက်မှုမှာ တနာရီလောက်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းပြီး ပခပ်ရွာအနီးအနားတဝိုက်ရှိ ဥယျာဉ်ခြံတွေမှာ တောနင်းရှာဖွေနေတယ်လို့ DDT  တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂ ရက်နေ့ကလည်း ကျောက်မဲတောင်ရွာနဲ့ သင်္ကန်းတုံးရွာအကြား လမ်းတလျှောက်မှာ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ Kaw Thoo Lei Army တို့ ပူးပေါင်းပြီး ၃ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့က အယောက် ၂၀ ထက်မနည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တဦးက ပြောပါတယ်။

သရက်ငုတ်ရွာအနီးမှာလည်း စက်တင်ဘာ ၁ ရက် မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013