DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက PDF တပ်ဖွဲ့ဝင် ၁၉ ဦး ဖမ်းမိဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
September 4, 2022
ဧရာဝတီတိုင်းက  PDF တပ်ဖွဲ့ဝင် ၁၉  ဦး ဖမ်းမိဟု  စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ မအူပင် PDF တပ်ဖွဲ့ဝင် ၁၉ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတယ်လို့  စစ်ကောင်စီပြန်ကြားရေးက  စက်တင်ဘာ ၃ ရက်မှာ ကြေညာပါတယ်။ 

Black Dragon Force Pyapon-BDFP  အဖွဲ့ဝင်တွေနဲ့  မအူပင် PDF အဖွဲ့ဝင်တွေကို  ဩဂုတ် ၂၉ ရက်နဲ့  ဩဂုတ် ၃၁ ရက်တွေမှာ ဖျာပုံနဲ့ ရန်ကုန်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုပါအဖွဲ့တွေဟာ Mytel တာဝါတိုင်အပါအဝင် စစ်ကောင်စီရဲ့ ထောက်တိုင်အုပ်ချုပ်ရေးရုံးတွေကို ဖောက်ခွဲတိုက်ခိုက်မှု ၆ ကြိမ်နဲ့ သတင်းပေး ဒလန်တွေကို လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ KNLA တပ်မဟာ(၇)လှုပ်ရှားနယ်မြေအတွင်းရှိ ABSDF စခန်းနဲ့ KNLA တပ်မဟာ(၇)မှာ ရက်တိုဖောက်ခွဲရေး သင်တန်းတက်ခဲ့သူတွေလို့လည်း စစ်ကောင်စီသတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးစွပ်စွဲခံရသူတွေဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။ 

စစ်ကောင်စီ သတင်းထုတ်ပြန်တဲ့အထဲ ဓာတ်ပုံနဲ့တကွဖော်ပြထားတဲ့ ဖမ်းဆီးခံရသူတွေဟာ PDF တွေမဟုတ်ဘဲ မြို့ပြပြောက်ကျားအဖွဲ့ဝင် တချို့နဲ့ ဒေသခံလူငယ်တွေသာဖြစ်တယ်လို့  မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“PDF တွေတော့မဟုတ်ဘူး။ ပြောက်ကျားတပ်ဖွဲ့ဝင် တချို့ ပါတယ်။ ပြီးတော့ ဒေသခံတွေကို စွပ်စွဲဖမ်းဆီးထားတာ ဖျာပုံက အများဆုံးပဲ ဒေသခံတွေ အဖမ်းခံရတာ။”

စစ်ကောင်စီက သတင်းထုတ်ပြန်တဲ့အထဲမှာ သေဆုံးနေသူတယောက်လည်း ပါဝင်နေတယ်လို့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပေမဲ့ အဖမ်းခံရသူတွကို ဘယ်မှာထိန်းသိမ်းထားတယ် ဘာအမှုနဲ့အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရန်ကုန်တိုင်းမှာ အဖမ်းခံရတဲ့ ဧရာဝတီတိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ရွှေပြည်သာ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013