DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေဈေးရောင်းပွဲများမှ နွေဦးတော်လှန်ရေးအတွက် ဩစတြေးလျ ဒေါ်လာ ၁ သိန်းခန့် ကူညီနိုင်
DVB
·
September 4, 2022
ရန်ပုံငွေဈေးရောင်းပွဲများမှ နွေဦးတော်လှန်ရေးအတွက် ဩစတြေးလျ ဒေါ်လာ ၁ သိန်းခန့် ကူညီနိုင်
Donate to DVB

နွေဦးတော်လှန်ရေးအတွက် စျေးရောင်းပွဲတွေ ကျင်းပပြီး ရန်ပုံငွေရှာဖွေထောက်ပံ့လာခဲ့တာ တနှစ်ကျော်အတွင်းမှာ ဩစတြေးလျဒေါ်လာ တသိန်းလောက် ကူညီနိုင်ခဲ့ပြီလို့ "နွေဦးတီတီနဲ့မမများ" အဖွဲ့က ပြောပါတယ်။

နွေဦးတီတီနဲ့မမများ ဆိုတာကတော့ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အခြေစိုက် အမျိုးသမီးအများစုက ဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီး အလုပ်အကိုင်တွေကတဖက်၊ မိသားစုရေးရာတွေနဲ့ နေရာဒေသအခက်အခဲ၊ ကိုဗစ်ရောဂါ စိန်ခေါ်ချက်တွေကြားက အခုလို ရန်ပုံငွေရှာ စျေးရောင်းပွဲတွေကို လစဉ်တိုင်းလိုလို ပြုလုပ်လေ့ရှိတာပါ။

စျေးရောင်းပွဲတွေက ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို နွေဦးတော်လှန်ရေးအောင်ပွဲအတွက် အားဖြည့်သွားမယ်လို့လည်းသိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ကတော့ ဖခင်များနေ့ အထိမ်းအမှတ် ရန်ပုံငွေစျေးရောင်းပွဲကို စက်တင်ဘာလ ၄ ရက်က  ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြုလုပ်သွားပါတယ်။

အာရှနွယ်ဖွားတွေနဲ့ မြန်မာပြည်ကလာတဲ့ မိသားစုအများပြားနေထိုင်တဲ့ရပ်ကွက်မှာ ပြုလုပ်တဲ့ ဒီစျေးရောင်းပွဲမှာ မုန့်ဟင်းငါး၊ အသုပ်စုံ၊ ရွှေတောင်ခေါက်ဆွဲ၊ ငါးထမင်းနယ် စတဲ့ မြန်မာအစားအစာတွေ၊ ဟင်းလျာတွေနဲ့ မုန့်မျိုးစုံအပြင် တိုင်းရင်းသားအစားအစာတွေနဲ့ အမှတ်တရလက်ဆောင်တွေကိုလည်း  ရောင်းချရန်ပုံငွေရှာကြတာပါ။ 

ဩစတြေးလျမှာ စက်တင်ဘာလရဲ့ ပထမ တနင်္ဂနွေနေ့မှာကျရောက်တဲ့ ဖခင်များနေ့အထိမ်းအမှတ် ပြုလုပ်တဲ့ စျေးရောင်းပွဲကို မြန်မာမိသားစုတွေ၊ တိုင်းရင်းသားတွေအပါအဝင် လူပေါင်း ၁၀၀ ကျော်လာက် လာရောက်အားပေးသွားကြပါတယ်။

လာရောက်ကြသူတွေထဲမှာ နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကို အစဉ်အလာမပျက် လာအားပေးကြသူတွေရှိသလို မြန်မာအစားအစာ ဟင်းလျာတွေကို အများအပြား လာဝယ်ကြသူတွေလည်းတွေ့ရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013