DVB Logo
Home
မြန်မာသတင်း
ဖရူဆို-ဒီးမောဆို လမ်းမပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က စနိုက်ပါ ၆ ဦး အပါအဝင် ၆၀ ကျော်သေ
DVB
·
September 2, 2022
ဖရူဆို-ဒီးမောဆို လမ်းမပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က စနိုက်ပါ ၆ ဦး အပါအဝင် ၆၀ ကျော်သေ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ် ဖရူဆို-ဒီးမောဆို လမ်းမကြီးပေါ်မှာ ၁၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိစစ်သည် အယောက် ၆၀ ကျော်  သေဆုံးတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၆ ရက်ကနေ ၃၁ ရက်အထိ ဖရူဆို-ဒီးမောဆို လမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး Sniper အဖွဲ့၊ KNDF Sniper ၊ အလယ်ပိုင်းတိုင်း ၁၁၀၁ တပ်ဖွဲ့၊ KA တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တယောက်နဲ့ စနိုက်ပါ ၆ ယောက် အပါအဝင် ၆၁ ယောက် သေဆုံးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်ပြီး ဖရူဆိုမြို့နဲ့ ဒီးမောဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အား အများအပြားသုံးကာ နယ်မြေစိုးမိုးမှုရရှိရေး ကြိုးပမ်းနေတာကြောင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်‌က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု ကြီးကြီးမားမား မရှိပေမဲ့ စနိုက်ပါကျည်တွေ လိုအပ်နေတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ စနိုက်ပါ ကျည်တတောင့်ကို ပြီးခဲ့တဲ့လက ကျပ်  ၇ သောင်းခွဲဝန်းကျင် ဈေးနှုန်းရှိပြီး အခုအချိန်မှာ ကျည်တတောင့်ကို ၁၂၀,၀၀၀ ကျပ် ဖြစ်နေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013