DVB Logo
Home
မြန်မာသတင်း
PPST ဦးဆောင်နာယက တာဝန်လက်ခံထားမှု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြန်ရုပ်သိမ်း
DVB
·
September 2, 2022
PPST ဦးဆောင်နာယက တာဝန်လက်ခံထားမှု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး  ပြန်ရုပ်သိမ်း
Donate to DVB

အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST   ဦးဆောင်နာယကအဖြစ် တာဝန်ယူဖို့ လက်ခံခဲ့တာကို ပြန်လည်ရုပ်သိမ်းကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထုတ်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်နဲ့ အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အရ PPST ဦးဆောင်နာယကအဖြစ် လွတ်လပ်စွာ ပါဝင်ဖို့  PPST ကို ပြန်ကြားခဲ့တာဖြစ်ပေမယ့် ဩဂုတ် ၃၁ ရက် ကျင်းပတဲ့  KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာတော့ PPST ဦးဆောင်နာယက အဖြစ် တာဝန်ယူဖို့ မသင့်ကြောင့် ဆုံးဖြတ်ခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူအနေနဲ့  KNUက ချမှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နည်းဥပဒေတွေကို တာဝန်ခံ ထိန်းသိမ်းဖို့တာဝန်ရှိတဲ့အတွက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်းရဲ့ မူ လမ်းစဉ်ကို ဦးစားပေးဆောက်ရွက်ပြုဖို့ ရည်ရွယ်တဲ့အတွက် သဘောတူတဲ့ပေးစာကို ပြန်ရုပ်သိမ်းကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့   PPST  ထံပေးပို့တဲ့စာမှာ ဖော်ပြပါတယ်။

PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနဲ့ ဦးဆောင်မှုပေးနိုင်ဖို့ ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံချက်အပေါ် အဖွဲ့အစည်းအား ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အနေနဲ့ ပါဝင်ကာ ဦးဆောင်နာယက တာဝန်အား တာဝန်ယူ ဆောင်ရွက်မှာဖြစ်ကြောင်း ကေအန်ယူခေါင်းဆောင်က အစတုန်းက လက်ခံခဲ့ပါတယ်။

ဒီကိစ္စ KNU အဖွဲ့အစည်းအတွင်းမှာ ဥက္ကဋ္ဌ အနေနဲ့ဒီ တာဝန်ကို မယူသင့်ကြောင့်၊ ယူမယ်ဆိုရင် အဖွဲ့ကနေ နုတ်ထွက်ဖို့သင့်ကြောင့် သဘောထား အမျိုးမျိုး ရေးသားခဲ့ပါတယ်။

ဩဂုတ် ၃၁ နေ့ကပြုလုပ်တဲ့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မီတီအစည်းအဝေးအပြီးမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST   ဦးဆောင်နာယကအဖြစ်ကနေ ပြန်လည် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013