DVB Logo
Home
မြန်မာသတင်း
အထက်မင်းလှ-PDF စခန်းကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် မိုင်းနင်းမိပြီး ၁၀ ဦးခန့်သေဆုံး
DVB
·
September 2, 2022
အထက်မင်းလှ-PDF စခန်းကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် မိုင်းနင်းမိပြီး ၁၀ ဦးခန့်သေဆုံး
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက အထက်မင်းလှ-PDF စခန်းကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးရင်းနဲ့ ဝင်ရောက်စီးနင်းရာ PDF တပ်ဖွဲ့ဝင်တွေ ကြိုထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှ-PDF က ပြောပါတယ်။

အထက်မင်းလှ-PDF၊ မကွေးတောင်ပိုင်း-PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်း တခုကို စက်တင်ဘာ ၁ ရက် မနက် ၄ နာရီကျော်လောက်မှာ ကပစ ၂၊ ကပစ ၁၀၊ ကပစ ၁၃၊ ခလရ ၈၃ နဲ့ အမှတ် ၉၄၉ ထောက်ပို့တပ်တွေက အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြတာလို့ အထက်မင်းလှ-PDF တာဝန်ခံ ဗိုလ်ရန်ကြီးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်က အချိန်နာရီဝက်လောက်အတွင်းမှာပဲ စစ်(...)တွေလာတဲ့ လမ်းကြောင်းကို တိုက်မိုင်း၊ နင်းမိုင်းတွေ ကြိုတင်ထောင်ထားခဲ့လို့ မိုင်းကွင်းနဲ့ စခန်းပတ်လည်မှာ မိုင်းနင်းမိပြီး စစ်(...) ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ပြီး နောက်ပြန်ဆုတ်သွားကြတယ်။ စစ်(...)တွေဘက်ကလည်း လက်နက်ကြီး ၁၂ ချက်၊ စက်လတ်တွေ၊ လက်နက်ငယ်တွေနဲ့ စခန်းတည်နေရာကို အချက်ပေါင်းများစွာ ပစ်ခတ်ပေမဲ့လည်း ကျနော်တို့ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

စခန်းကို ယာယီဆုတ်ခွာပေးလိုက်ရပြီး ဆိုင်ကယ် ၃ စီး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃ လုံးနဲ့ ဝါယာကြိုးတခွေဆုံးခဲ့ပြီး ကင်းစခန်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရကာ တခြား စခန်းအဆောက်အဦတွေကိုတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013