DVB Logo
Home
Lead Story
နေပြည်တော် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် နှစ်ဆမြင့်တက်
DVB
·
September 1, 2022
နေပြည်တော် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် နှစ်ဆမြင့်တက်
Donate to DVB

နေပြည်တော်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ဟာ အရင်က ရှိသင့်တဲ့ပမာဏထက် များစွာလျော့ကျနေခဲ့ရာကနေ ပြီးခဲ့တဲ့ ကိုဗစ်ရောဂါတွေ ဖြစ်ပွားတဲ့ကာလနဲ့ လက်ရှိနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ မတည်ငြိမ်မှုတွေကြောင့် လာရောက်နေထိုင်သူများလာပြီး အရောင်းအဝယ်ဈေးကွက်ဟာ နှစ်ဆလောက် မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အရောင်းအဝယ် အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

“ဝယ်လိုအားကတော့ ပြီးခဲ့တဲ့ ကိုဗစ်ကာလ အရောင်းအဝယ်တွေ ဖြစ်တုန်းကတောင် စာချုပ်ရုံးမှာ တနေ့ကို ၁၀ စောင်လောက်ပဲ ပါဝါလွှဲတယ်။ အခု တနေ့ကို အစောင် ၃၀ လောက် ပါဝါလွှဲတယ်။ အဲတော့ တလကို အကွက် ၁,၀၀၀ လောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ မှန်းလို့ရတာပေါ့။ အဲတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် ၂၀၀ ရာခိုင်နှုန်း တက်လာတာပေါ့။ နှစ်ဆပေါ့။ အဲလောက်တက်လာတယ်လို့ ယူဆလို့ရတာပေါ့” လို့ အိမ်ခြံမြေ အရောင်းအဝယ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အရင်က မန္တလေးမြို့သစ်မှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၁,၀၀၀၊ ၂,၀၀၀၊ မုံရွာမှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၁,၀၀၀၊ မကွေးမှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၅၀၀၊ ၁,၀၀၀ ဈေးပေါက်နေချိန် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ လမ်း၊ ရေ၊ မီး၊ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဈေး စတဲ့ အင်္ဂါရပ်တွေ အပြည့်အစုံရှိတဲ့ ပုဗ္ဗသီရိမြို့နယ်မှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၁၀၀၊ ၂၀၀ ပဲ ဈေးပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ ပုဗ္ဗသီရိမြို့နယ်မှာတောင် သိန်း ၂၀၀ ကနေ ၅၀၀ ကြား ဈေးပေါက်နေပြီလို့ သိရပါတယ်။

“ဘာလို့ဖြစ်တုန်းဆို ကိုဗစ်ရယ်၊ အခု ဖြစ်ပျက်နေတာတွေမှာ မတည်ငြိမ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက ဒီကိုလာနေကြတယ်။ ဥပမာ ပုဗ္ဗသီရိလိုနေရာမှာ သူတို့ တပိုင်တနိုင်လေးနဲ့ သိန်း ၂၀၀၊ ၃၀၀ လေးတွေ ဝယ်နေတယ်။ ငှားနေတယ်။ ကလေးတွေ ပညာရေးအတွက်၊ လုံခြုံရေးအတွက် လာနေတာ။ အဲအတွက်နဲ့ ဝယ်လိုအားတက်လာတော့ ဈေးတွေကလည်း တက်လာတယ်။ ပြီးတော့ တခြား impact ဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကြောင့်လည်း မြေဈေးက အထိုက်အလျောက် တက်လာတယ်” လို့ ဆိုပါတယ်။

အခုလို ငွေကြေးသိန်းရာဂဏန်းပဲ သုံးနိုင်သူတွေက ပုဗ္ဗသီရိမြို့နယ်ဘက်မှာ အဝယ်များပြီး ငွေကြေးတတ်နိုင်တဲ့သူတွေက ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာ(၂)၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်နဲ့ ရွှေကြာပင်အနီးက ထန်းတပင် VIP ရပ်ကွက်တွေမှာ အဝယ်များကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စီးပွားရေးအရ အချက်အခြာကျပြီး အရင်က သိန်းထောင်ဂဏန်းဈေးပေါက်တဲ့ သပြေကုန်းရပ်ကွက်နဲ့ သပြေကုန်းရပ်ကွက်အနီးက ဧရာဝတီလမ်းဘေး မြေကွက်တွေကတော့ သိန်း သောင်းဂဏန်းထိ ဈေးပေါက်သွားပြီလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013