DVB Logo
Home
မြန်မာသတင်း
တရက်အတွင်း ဒေါ်လာစျေး ကျပ် ၁,၀၀၀ ကျော်၊ ရွှေစျေး ကျပ် ၆ သိန်းဝန်းကျင် ပြန်ကျဆင်း
DVB
·
September 1, 2022
တရက်အတွင်း ဒေါ်လာစျေး ကျပ် ၁,၀၀၀ ကျော်၊ ရွှေစျေး ကျပ် ၆ သိန်းဝန်းကျင် ပြန်ကျဆင်း
Donate to DVB

သြဂုတ် ၃၁ ရက်က တဒေါ်လာ ကျပ် ၅,၀၀၀ နီးပါးထိ အမြင့်ဆုံးကို တက်သွားခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီနေ့မှာတော့ ၃,၆၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ကျဆင်းခဲ့တယ်လို့ ငွေကြေးဈေးကွက်အတွင်းကနေ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ တဒေါ်လာကို ကျပ် ၄,၀၀၀ ဝန်းကျင်နဲ့ စျေးဖွင့်ခဲ့ပေမဲ့ ညနေပိုင်းမှာ တဒေါ်လာကို ၃,၅၀၀ ကျပ်ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့ပြီး အချိန်ပိုင်းအတွင်း ကျပ် ၁,၀၀၀ ကျော် ပြန်လည်ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ငွေကြေးစျေးကွက်အတွင်းမှာ ဒေါ်လာအရောင်းအဝယ်က စျေးနှုန်းအတက်အကျကို စောင့်ကြည့်နေကြတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒေါ်လာစျေးနဲ့ ချိတ်ဆက်နေတဲ့ ပြည်တွင်းရွှေစျေးကလည်း မနေ့က ကျပ် ၃၆ သိန်းဝန်းကျင်ထိ အမြင့်စျေးရောက်ရှိခဲ့ပြီး ဒီနေ့ညနေပိုင်းမှာ ကျပ် ၃,၀၁၀,၀၀၀ ဝန်းကျင်ကို ပြန်လည် ကျဆင်းသွားခဲ့တာပါ။

တရက်အတွင်း အခေါက်ရွှေတကျပ်သားကို ကျပ် ၆ သိန်းဝန်းကျင် ပြန်လည်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

မနေ့ သြဂုတ် ၃၁ ရက် ညနေပိုင်းမှာ စက်သုံးဆီစျေး မြင့်တက်မှုကနေ အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ဆိုပြီး စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စျေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချထားပေးမယ်လို့ ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013