DVB Logo
Home
မြန်မာသတင်း
အနောက်မြောက်တိုင်းစစ်ဌာနချုပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
DVB
·
August 31, 2022
အနောက်မြောက်တိုင်းစစ်ဌာနချုပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့မှာ အခြေစိုက်ထားတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဩဂုတ် ၃၀ ရက် ည ၉ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမခတပ်နဲ့အနီးဆုံး ညောင်ခြေထောက်ရွာသားတ‌ယောက်က “မနေ့ညက တပ်ထဲကို လက်နက်ကြီး ၂ လုံးကျပေါက်ကွဲသံ ကြားရတယ်။ မြေကြီးတွေပါ တုန်ခါသွားတယ်ဗျ။ အထိအခိုက်၊ အပျက်အစီးကတော့ တပ်အတွင်း အရပ်သားတွေ မဝင်ရတော့ မသိရဘူး” လို့ ပြောပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး နမခတပ်အတွင်း ခလရတပ်ရင်း ၆‌ ‌ေရှ့မှာ ကျရောက်ပေါက်ကွဲခဲ့ကာ အထိအခိုက် အတိအကျ မသိရဘူးလို့ တပ်တွင်းနီးစပ်သူတွေက ပြောပါတယ်။

ကနောင်အဖွဲ့ တာဝန်ရှိသူက “ပစ်ခတ်ခဲ့တာက အရင်က ကျနော်တို့ ၁၂၀ မမတွေနဲ့ ပစ်ခတ်ခဲ့ဖူးတယ်။ အခုဟာကတော့ အဝက ၆ လက်မအကျယ်နဲ့ အရှည် ၂ ပေနီးပါးလောက် ရှိမယ့် လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်။ အခုပစ်တဲ့လက်နက်ကို မဟူရာဒုံးကျည်လို့ အမည်ပေး ပစ်ခတ်ခဲ့တယ်ဗျ။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ ကျနော်တို့က‌ အဝေးထိန်းနဲ့ ပစ်ခတ်ခဲ့တာဆိုတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ဘုတလင်ကနောင်အဖွဲ့နဲ့ Future Star တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013