DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
August 31, 2022
ကလေးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ တမူးမြို့ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ် ၁ စီး လမ်းဘေးထိုးကျသွားပြီး တခြားယာဉ် ၁ စီး ပျက်စီးသွားကြောင်း ကလေး PDF က ပြောပါတယ်။

သြဂုတ် ၃၀ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်း ကံသာယာရွာမှ တမူးမြို့ဘက် ဦးတည်ထွက်ခွာလာစဉ် ကံလှရွာရဲ့ တောင်ဘက် ကျွန်းစိုက်ခင်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကလေး PDF ရဲ့ တာဝန်ခံက “ကျနော်တို့ ကလေး PDF တပ်ဖွဲ့ဝင်‌တွေနဲ့ ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွဲတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာ။ ကား ၁ စီး လမ်းဘေးချောက်အတွင်း ထိုးဆင်းလဲကျသွားပြီး တခြား ၁ စီးမှာလည်း မိုင်းအပြင်းအထန် ထိမှန်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

အဆိုပါယာဉ်တန်းမှာ စစ်ကောင်စီတပ်သားတွေအပြင် ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း သိရပြီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးဘဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၂၉ ရက် ညနေ ၇ နာရီခွဲကလည်း ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစခန်းဝန်းအတွင်းကနေ ရွာမြောက်ဘက် ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့အင်အား ၂၀ လောက်ပါ ခြေလျင်စစ်ကြောင်းကိုလည်း PDF (Kalay) က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂  ဦး သေဆုံးပြီး ၄  ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ PDF Kalay က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ ကလေးမြို့နယ်ဒေသအတွင်း ခရီးသွားလမ်းပိုင်းတွေကို အထူးဂရုစိုက်သွားလာကြဖို့ ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013