DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်တွင် စစ်တပ်နှင့်အတူကင်းလှည့်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ
DVB
·
August 31, 2022
ဒလမြို့နယ်တွင် စစ်တပ်နှင့်အတူကင်းလှည့်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်မှာ စစ်တပ်နဲ့အတူကင်းလှည့်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဩဂုတ် ၃၀ ရက် ည ၆ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး တယောက်သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက် သမ္မတကမ်းခြေစျေးလမ်းမှာ ညပိုင်းက စစ်တပ်နဲ့ကင်းလှည့်ပြီး လက်ဖက်ရည်ဝင်သောက်နေစဥ် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ သုံးယောက်က  ဝင်ရောက်ပစ်ခဲ့တာလို့  ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်ရယ်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရယ် ကင်းလှည့်ပြန်လာပြီး  လက်ဖက်ရည်ဝင်သောက်တဲ့အချိန် အပစ်ခံရတာ တစ်ဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ အပစ်ခံရတာ အုပ်ချုပ်ရေးထဲက လူတွေ၊  ရာအိမ်မှူးလား၊ ဆယ်အိမ်မှူးလားတော့ မသိဘူး။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သမ္မတကမ်းခြေစျေးလမ်းအတွင်း လမ်းသွားလမ်းလာနဲ့ ကားတွေကိုပါစစ်ဆေးနေတယ်လို့  ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့ကမှ လတ်တလော သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက် ညပိုင်းကလည်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဆရာစံလမ်းရှိ ဟိန်းကို လက်ဖက်ရည်ဆိုင်မှာ  စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ လူမိုက် ခလေး(ခ) ကျော်ကျော်ဝင်းတို့အဖွဲ့ကို အမည်မသိသေနတ်ကိုင်ဆောင်သူတွေက ပစ်ခတ်ခဲ့လို့ သုံးယောက် ဒဏ်ရာရရှိခဲ့ပါ သေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013