
တရုတ်ရဲ့ တပတ်အတွင်း ဒုတိယအကြိမ်မြောက် ‘တိုက်ခိုက်ရေး’ ကင်းလှည့်မှု ပြီးဆုံးသွားပြီလို့ ထိုင်ဝမ်အစိုးရက မေ ၂၆ ရက်မှာ ပြောခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်ဟာ အနောက်ပစိဖိတ်ဒေသမှာ သွားလာနေတဲ့ တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းရဲ့ လှုပ်ရှားမှုတွေကို ဆက်ခြေရာခံနေဆဲဖြစ်ပြီး တရုတ်ရဲ့လှုပ်ရှားမှု အသေးစိတ် အချက်အလက်တွေကို လိုအပ်သလို ထုတ်ပြန်ပေးမယ်လို့ ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးဌာနက ဖန်ချန်းကွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လျောင်နင်း လေယာဉ်တင်သင်္ဘောအုပ်စုရဲ့ ကင်းလှည့်မှုနဲ့ တည်ရှိမှုအကြောင်း X လူမှုကွန်ရက် အကောင့်မှာ ရေးသားရာမှာ တရုတ်လုပ်ဆောင်နေတာက အကြောင်းမဲ့ လှုံ့ဆော်မှုမရှိဘဲ လုပ်နေတာလို့ ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဂျိုးဇက်ဝူက ပြောပါတယ်။
မေ ၂၅ ရက် နှောင်းပိုင်းမှာ J-16 တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ အပါအဝင် တရုတ်လေယာဉ် ၂၁ စင်းက ထိုင်ဝမ်ကျွန်းတဝိုက်မှာ လှုပ်ရှားနေတာကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိခဲ့ပြီး စစ်သင်္ဘောတွေနဲ့အတူ ပူးတွဲတိုက်ခိုက်ရေး အသင့်ဖြစ်နေတဲ့ ပုံစံနဲ့ ကင်းလှည့်နေတာလို့ ပြောခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက သူ့တပ်ဖွဲ့တွေက ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၃ ပုံကို ထုတ်ပြခဲ့ပါတယ်။
Source: Reuters










