DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်နေသဖြင့် မုန်းဒေသရှိ ကရင်ပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်
DVB
·
August 30, 2022
စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်နေသဖြင့် မုန်းဒေသရှိ ကရင်ပြည်သူ ၁၀၀၀ ခန့်  ထွက်ပြေးတိမ်းရှောင်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၃ နယ်မြေ  မုန်းမြို့နယ် ကျေးရွာတွေထဲ  ဩဂုတ် ၂၇ ရက်ကစတင်ပြီး စစ်ကောင်စီတပ် ဝင်ရောက်လှုပ်ရှားကာ စစ်ရေးပြင်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံ ၁၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူ သတင်းမှာ ဖော်ပြပါတယ်။ 

စစ်တပ်က မုန်းမြို့နယ် ရေလဲ(ကရင်)ကျေးရွာကို မျက်နှာမူပြီး လက်နက်ကြီး တပ်ဆင်ထားတဲ့ အတွက် အဲဒီကျေးရွာနေသူတွေ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။ 

အဆိုပါ ရေလဲကျေးရွာမှာ အိမ်ခြေ ၁၈၀ ရှိပြီး လူဦးရေ ၁၀၀၀ နီးပါးရှိတဲ့ ရွာဖြစ်ပါတယ်။ 

အလားတူ မုန်းမြိုနယ်ထဲက ကရင်မျက်ရဲ၊ မာနီနဲ့ ရွာတန်းရှည်ကျေးရွာတွေကို စစ်တပ်က ဩဂုတ် ၂၇ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ နီးစပ်ရာ ကျေးရွာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ဩဂုတ် ၂၉ ရက်ကလည်း စစ်ကောင်စီတပ် ခလရ (၃၉)က မုန်းမြို့နယ်စီမံ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကနစိုးပင်ကျေးရွာသား စောရယ်ဖော (ခ) ဖိုးသောကြာ အသက်(၄၂) ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သတင်းမရတော့ဘူးလို့လည်းဆိုပါတယ်။

ခလရ(၃၉)တပ်ဟာ ကျေးရွာအတွင်းရှိ  ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူတာအပြင် အိမ်းမွေးတိရစ္ဆာန် ကြက်၊ ဝက်စတာတွေကို  ဖမ်းယူ စားသောက်နေတယ်လို့  ကေအန်ယူသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo-KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013