DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ
DVB
·
August 30, 2022
လောင်းလုံးတွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း လောင်းလုံးမြို့အနီး စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ရက်ဆက်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့က ဆင်းလာတဲ့ ​တပ်ဖွဲ့ဝင် ၂၀ လောက်ပါတဲ့ ကားငယ်သုံးစီးဟာ သြဂုတ် ၂၉ ရက်၊ ညနေ ၄ နာရီခွဲလောက်က လောင်းလုံးမြို့အဝင် ဆိုင်းဘုတ်အနီး ထားဝယ်-လောင်းလုံး ကားလမ်း ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၄ ယေက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့ခံ တဦးက "မိုင်းကွဲတာက တော်တော်ကြမ်းတယ်။ အဝေးကနေတောင် မြေကြီးပါတုန်တာ။ မိုင်းကွဲသံကြားပြီး သေနတ်သံတွေလည်း ကြားရတယ်။ နှစ်ဖက် ပစ်တာလား တော့ မသိဘူး" လို့ ပြောပါတယ်။

အဲဒီလို တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရလို့ ပတ်တီးစီးထားတဲ့ စစ်သား ၄ ယောက်ကို ကားပေါ်မှာ တွေ့လိုက်ရပြီး လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံကနေတဆင့် ည ၇ နာရီလောက်မှာ ထားဝယ်ကို ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အဲဒီတပ်ဟာ လောင်းလုံးမြို့နယ် မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးထဲမှာ တပ်စွဲထားနေတာဖြစ်ပြီး ထားဝယ်မြို့က အပြန်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဘယ်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာကို မသိရသေးသလို သြဂုတ် ၂၉ ရက် ည ၁၀ နာရီလောက်အထိ ဘယ်အဖွဲ့အစည်းကမှ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သြဂုတ် ၂၈ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း အန်စာတုံးကားနဲ့ စီးနင်းလာတဲ့ စစ်သားတွေကို Dawei Defense Team-DDT တပ်ခွဲ ၃ နဲ့ PLA ဘထူးစစ်ဆင်ရေးအဖွဲ့တို့က လောင်းလုံးမြို့အဝင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Dawei Defense Team-DDT ကတော့ အဲဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရှိခဲ့တဲ့ စစ်သားတွေကို ဆေးရုံသယ်ဆောင်သွားပြီး ဆေးရုံမှာ ၂ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ဒီဗွီဘီ အနေနဲ့ကတော့ သီးခြားအတည် မပြုနိုင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013