DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို မီးရှို့ပြီး လူသတ်
DVB
·
August 30, 2022
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို မီးရှို့ပြီး လူသတ်
Donate to DVB

စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာနဲ့ တောင်ကြားကျေးရွာကို  ဩဂုတ် ၂၉ ရက်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးသွားပြီး ပကဖအဖွဲ့ဝင် လူငယ် တယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ရွာသားတွေထံက  သိရပါတယ်။

စစ်ကိုင်းမြို့နယ် ပုံကြွယ်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပျူစောထီးပူးပေါင်းအဖွဲ့ဟာ တောင်မြို့ကျေးရွာကို မနေ့မနက် ၆ နာရီလောက်က  လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး လူနေအိမ်တွေကို မီးရှို့ကာ နယ်ခံပကဖ အဖွဲ့ဝင် လူငယ် တယောက်ကိုလည်း  သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "ပုံကြွယ်ဘက်ကနေ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူပူးပေါင်းအဖွဲ့က ရွာထဲ ပစ်ခတ်ပြီးဝင်လာတာ။ အဲ့ဒီရွာဘက်က ဒေသခံပျူတွေလည်းပါတယ်။ ၁၇ နှစ်အရွယ် နယ်မြေခံပကဖ လူငယ်တစ်ယောက်ကိုလည်း ပစ်သတ်သွားကြတယ်။ အဲ့ဒီမှာ ရွာအိမ်ခြေတွေကို မီးရှို့တော့ ပိတ်မိနေတဲ့ ကျေးရွာဒေသခံ ၂၀ လောက်လည်း ဖမ်းဆီးခံရတယ် " လို့ ပြောပါတယ်။

‌တောင်မြို့ကျေးရွာမီးရှို့ခံရမှုမှာ လူနေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာသွားမှသာ ဒေသခံတွေက မီးငြှိမ်းသတ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရက်တည်းမှာပဲ တောင်မြို့ကျေးရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ညနေ ၃ နာရီလောက်မှာ အဲ့ဒီဒေသတွင်းက တောင်ကြားကျေးရွာကိုလည်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "လတ်တလော တောင်ကြားရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ပျူအဖွဲ့ကမြှောက်ပေးလိုက်လို့ထင်တယ်။ စစ်ကြောင်းက တောင်ကြားရွာဘက် လှည့်ဝင်တာ။ မီးလောင်ဆုံးရှုံးတဲ့အိမ်ခြေအရေတွက်ကိုတော့ အတည်ပြုလို့မရသေးဘူး" လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့မှုကြောင့် စစ်ကိုင်းမြို့နယ်တွင်းက သာစည်လေး၊ ဘုရားလှ၊ ညောင်ပင်ရှည်၊ တလိုင်းကျွန်းနဲ့ ဒီပဲယင်းကွဲ ကျေးရွာတို့မှာ မီးလောင်ပျက်စီးခဲ့တဲ့ လူနေအိမ်ခြေစုစုပေါင်း ၃၀၀ ကျော်ရှိတယ်လို့ Sagaing District Medical Team က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013