DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသဖြင့် ရဲမှူးအပါအဝင် ၆ ဦးသေဆုံး
DVB
·
August 29, 2022
မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသဖြင့် ရဲမှူးအပါအဝင် ၆ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့မနက် ၉ နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

“ကျနော်တို့ မောက္ကတော်ရွာအရှေ့ဘက် ဘုရားကုန်းက ညောင်ပင်အောက်မှာ မိုင်းဆွဲတာတွေလုပ်ခဲ့တယ်ဗျ။ ရဲ စခန်းမှူးအဆင့်ရှိသူ ၁ ဦး၊ ရဲတပ်သား ၂ ဦး၊ ပျူ ၃ ဦး နေရာတင်သေတယ်။ အခြား ၁၂ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ အတိအကျ သူတို့နဲ့လိုက်ပါလာတဲ့ ပျူဖရဲသီးက ကျနော်တို့ဆီ သတင်းပေးလို့ သိရတယ်ဗျ။ ကျနော်တို့ ဖုန်းမိုင်းဆိုတော့ အဝေးကနေ ဖောက်ခွဲတာဆိုတော့ အထိခိုက်မရှိဘူး” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

အခုမိုင်းဆွဲခံရပြီး ကျဆုံးတာနဲ့ပင်သက်လို့  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။

အခုမိုင်းဆွဲခံရတဲ့စစ်ကြောင်းဟာ မောက္ကတော်ရွာ နဲ့ ချင်းတွင်းမြစ်တဖက်ကမ်း တောင်ဖြူရွာ၊ ပန်းဆက်ရွာကနေ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလာတဲ့ တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ဩဂုတ်လအတွင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာ နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013