DVB Logo
Home
မြန်မာသတင်း
ယောဒေသတွင် ၁ နှစ်အတွင်း တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်က ၂၅၀ ကျော် သေဆုံး
DVB
·
August 29, 2022
ယောဒေသတွင် ၁ နှစ်အတွင်း တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်က ၂၅၀ ကျော် သေဆုံး
Donate to DVB

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြိုနယ်မှာ တနှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၄၀ ကျော် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထီးလင်းမြို့နယ်အခြေစိုက် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Defense  Force-Htilin က ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အစိုးရရဲ့ မူဝါဒလမ်းစဉ်အတိုင်း ဖက်‌ဒရယ်ဒီမိုကရေစီ ရရှိရေး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေကြပြီး တပ်ရင်း တည်ထောင်တဲ့ တနှစ်ကျော်ကာလမှာ တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားကာ စစ်တပ်က ၂၅၀ ကျော် ကျဆုံးခဲ့သလို စစ်စခန်း တခုကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ပွဲတွေမှာ PDF ရဲဘော် ၁ ယောက် ကျဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးကာလအတွင်း ကျန်းမာရေးမကောင်းလို့ သေဆုံးသူ ၂ ယောက် ရှိတယ်လို့ ထီးလင်း PDF တာဝန်ခံ ဗိုလ်ကျီးကန်းက ပြောပါတယ်။

၁ နှစ်နီးပါးကြာ အင်တာနက်ဖြတ်တောက်ခံရတဲ့ ထီးလင်းမြိုနယ်ထဲမှာ လတ်တလော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမှု အားကောင်းလာသလို စစ်တပ်ကလည်း ကျေးရွာတွေကို စစ်ဆင်ရေး လုပ်ပြီး အိမ်မီးရှိုတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ထီးလင်း PDF ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ တနှစ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စစ်တပ်က သေဆုံးတဲ့စာရင်းကို   ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Defense  Force-Htilin က ထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013