DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တိုကျိုတွင် ဆန္ဒပြ
DVB
·
August 27, 2022
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တိုကျိုတွင် ဆန္ဒပြ
1 / 7
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားဥပဒေမဲ့ မတရားဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်မြောက်ရေး (GMSR) ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် ဩဂုတ် ၂၇ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့လူစည်ကားတဲ့ ရှင်ဂျူခုအရပ်မှာ ချီတက်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။

ဥပဒေမဲ့ အပြစ်မရှိဘဲ ထောင်ချကာ သေဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတရား အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်ခံနေရသတဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေ စစ်ကောင်စီကို ဖိအားပေးစေရေး ပြည်သူလူထုအားလုံး ကိုယ်စား GMSR က ဩဂုတ်တလလုံး တကမ္ဘာလုံးအတိုင်းအတာ တပြိုင်နက်ဆန္ဒပြ တောင်းဆိုကြတာလို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ မမေဘရဏီက ရှင်းပြပါတယ်။

ချီတက်ဆန္ဒပြပွဲအတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို တရားဥပဒေမဲ့ မတရားဖမ်းဆီးထောင်ချ နှိပ်စက်ခံနေရပုံ သရုပ်ဖော်ပြကွက်တွေလည်း ပါဝင်ခဲ့ပြီး ဆန္ဒပြချီတက် ရာလမ်းတလျှောက်မှာ ဂျပန်ပြည်သူတွေက စိတ်ဝင်တစားကြည့်ရှုခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူတွေကို စစ်ကောင်စီက တရားဥပဒေမဲ့ မတရားဖမ်းဆီးထောင်ချနေပြီး ထောင်တွင်းနှိပ်စက်သတ်ဖြတ်မှု ရှိနေတာတွေကို ဂျပန်အစိုးရအပါအဝင် ဂျပန်လူမျိုးတွေ ပိုမိုသိရှိအောင် အခုလို ချီတက်ပွဲမှာ သရုပ်ဖော်ရတာလို့ ဆန္ဒပြပွဲမှာ သရုပ်ဖော်ပူးပေါင်းပါဝင်ခဲ့သူ ဦးအောင်နိုင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ ရဲ့ထုတ်ပြန်ချက်အရ ဩဂုတ် ၂၆ ရက်နေ့အထိ ပြည်သူ ၂၂၄၉ ဦးသတ်ဖြတ်ခံရပြီး ၁၂၁၄၂ ဦး မတရားဖမ်းဆီးထောင်ချခံနေရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ကအာဏာသိမ်းထားတဲ့ ၁၈ လ တာကာလအတွင်း အဖမ်းခံရပြီးတဲ့နောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း စစ်ကြောရေးတွေမှာ လက်လွန်သေဆုံးခဲ့ပြီး အကြောင်းကြားလာသူ အရေအတွက်ဟာလည်း ၁၃၇ ဦး ရှိနေပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013