DVB Logo
Home
မြန်မာသတင်း
ကနီမြိုနယ်၊ ချောင်းမအနောက်ရွာတွင် PDF တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ
DVB
·
August 27, 2022
ကနီမြိုနယ်၊ ချောင်းမအနောက်ရွာတွင် PDF တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ
Donate to DVB

ကနီမြိုနယ်၊ ချောင်းမအနောက်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံထားရတဲ့ PDF ရဲဘော် ၅ ဦးအလောင်းကို  ဒီနေ့မနက် တွေ့ရှိခဲ့တယ်လို့ ချောင်းမဒေသခံတွေက ပြောပါတယ်။

“သတ်တာက မနေ့ကတည်းက သတ်တာဖြစ်ဖို့များတယ်ဗျ။ ဒီနေ့မနက်ကြတော့ သတ်ခဲ့တဲ့ အလောင်း ၅ လောင်းနဲ့ ကားကို မီးရှို့တာတွေ တွေ့ခဲ့ရတယ်။ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး လာရောက်သယ်ယူနေကြပြီ” လို့ ဒေသခံချောင်းမရွာသားတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်တွေဟာ မိုးရွာနေလို့ ချောင်းမအနောက်ရွာရဲ့ အစွန်ဆုံးအိမ်မှာ မိုးခိုနေရင်း စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုအဖွဲ့တွေက ပြောပါတယ်။

ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့ခေါင်းဆောင်က “ဟုတ် သေဆုံးသူက ကိုသူရ(ခေါ်) ကိုလှမင်းနိုင် (အသက် ၃၀‌ ကျော်)၊ ကိုလှမြင်သန်း (အသက် ၄၀) နဲ့ ကျောက်ခဲ ကတော့ အသက်မသိရဘူး။ ကျန်နှစ်ယောက်ကတော့ ကနီမြိုနယ် ကျောက်လုံးကြီး တပ်သားတွေဗျ။ သေဆုံးသူတွေကတော့ ညှဉ်းပန်းနှိပ်ဆက် သတ်ထားခဲကြတာဗျ။ ကိုလှမင်းနိုင်ကတော့ ပါးစပ်ထဲသေနတ်ထည့်ပြီး ပစ်တာတချက်၊ ရင်ဘက်ဒဏ်ရာ တချက်ပစ်သတ်ထားခဲ့ကြတယ်။ လက်နက်နဲ့ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေပါ ယူသွားကြတယ်။ နောက်ဆုံး ဖိနပ်ပါကို ချွတ်ယူသွားကြတယ်။ အခုလို စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကျဆုံးသွားရတဲ့ ရဲဘော်အပေါင်းကို  မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ ရဲဘော်များကို အလေးပြုဂုဏ်ပြုပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော် ၅ ဦးကို သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၂၇ ရက်နေ့မှာ ချောင်းမကျေးရွာ မြောက်ဘက် သင့်ဝင်ရွာ၊ မင်းမရွာ၊ ကျွဲသောက်ကန်ရွာဘက် စစ်ကြောင်းထိုးသွားနေပြီး သင့်ဝင်ရွာက ဒေသခံတဦး၊ မင်းမရွာက ဒေသခံနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၁ ရက်နေ့ကနေ သြဂုတ် ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြင်းအထန် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်အတွင်းက ပြည်သူအချို့ကို စစ်ကောင်စီဘက်က မတရားသတ်ဖြတ်သွားခဲ့သလို လူနေအိမ် ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013