DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရ လက်ထက်ထုတ်ဝေခဲ့သည့် စာအုပ်စာပေများ ဒီမိုကရေစီနှင့်ဆန့်ကျင် စိတ်ဝမ်းကွဲမှုဖြစ်စေဟု စစ်ခေါင်းဆောင်ဝေဖန်
DVB
·
August 27, 2022
အန်အယ်လ်ဒီအစိုးရ လက်ထက်ထုတ်ဝေခဲ့သည့် စာအုပ်စာပေများ ဒီမိုကရေစီနှင့်ဆန့်ကျင် စိတ်ဝမ်းကွဲမှုဖြစ်စေဟု စစ်ခေါင်းဆောင်ဝေဖန်
Donate to DVB

အန်အယ်လ်ဒီ အစိုးရတာဝန်ယူခဲ့တဲ့ကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ထုတ်ဝေခဲ့တဲ့ စာအုပ်စာပေတွေဟာ  ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်တဲ့ စိတ်ဝမ်းကွဲပြားစေတဲ့ စာပေတွေဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၂၆ ရက်က ကျရောက်တဲ့ စာပေဗိမာန် စိန်ရတု ၇၅ နှစ်မြောက်မိန့်ခွန်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က "၂၀၁၁ နောက်ပိုင်း အထူးသဖြင့် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ တချို့သောစာအုပ်စာပေတွေ၊ စာပေဟောပြောပွဲအမည်ခံပြောဆိုမှုတွေဟာ ဒီမိုကရေစီစနစ်ထူထောင်စ ကျွန်တော်တို့နိုင်ငံအတွက်  ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုများပြားတဲ့ လူမှုအဖွဲ့အစည်း  (Highly Divided Society)တွေကို ဦးတည်သွားစေခဲ့တာကိုလည်း မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒါတွေထပ်မဖြစ်ဖို့ကျနော်တို့ ဆင်ခြင်ရပါလိမ့်မယ်" လို့ ၁၈ မိနစ်ကြာ ကြိုတင်ရိုက်ကူး ဗွီဒီယို မိန့်ခွန်းမှာ အခုလိုပြောခဲ့တာပါ။

ဒီလိုပြောတာနဲ့ ပတ်သက်ပြီး ရန်ကုန်လမ်းမများစာအုပ်တိုက်က ကိုဝေမှူးသွင်ကတော့" စစ်အာဏာသိမ်းခေါင်းဆောင်ပြောသလို မဟုတ်ပဲ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရရဲ့ စာပေစိစစ်ရေး ဖြေလျော့မှုတွေနဲ့အတူ ဒီမိုကရေစီကို အားပေးတဲ့စာပေတွေ၊ ရှားပါးအဖိုးတန် စာအုပ်တွေကိုသာထုတ်ဝေခဲ့ပြီး ၂၀၁၅ နောက်ပိုင်းကာလဟာ စာပေကောင်းတွေ ပြန်လည် ပွင့်လင်း ရှင်သန်လာတဲ့ ကာလဖြစ်တယ်" လို့  ဒီဗွီဘီကို ပါတယ်။

ရန်ကုန်မြို့နေ အမည်မဖော်လိုတဲ့ ထုတ်ဝေသူ တဦးကတော့ "စစ်အာဏာသိမ်းကောင်စီဟာ စာပေတန်ဖိုးကိုမသိ၊ စာပေကောင်းတွေကို မလိုလားတဲ့အဖွဲ့အသင်း ဖြစ်တာကြောင့် သူတို့ ပြောစကားတွေကို တန်ပြန် ချေပစရာ အကြောင်း မရှိဘူး" လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူ့အနေနဲ့  စာအုပ်စာပေတွေကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာမှတ်သားခဲ့ကြောင်းနဲ့ ဒီအတွေ့အကြုံဗဟုသုတတွေကို တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး လူမှုပတ်ဝန်းကျင်ကောင်းကျိူးပြုတိုးတက်စေတဲ့ လုပ်ငန်းတွေမှာ အသုံးပြုခဲ့တယ်လို့ လည်းပြောပါတယ်။

စစ်ခေါင်းဆောင်က အခုလိုပြောနေပေမဲ့ အာဏာစသိမ်းပြီးကတည်းက  တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံကန ယိုယွင်းပျက်စီးလာနေတာဖြစ်ပြီး  စစ်ခေါင်းဆောင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်တွေကလည်း ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ် ရွာမီးရှို့ လေယာဉ်နဲ့ ဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေတာဖြစ်ပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013