DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်၌ မိုင်းထိသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်
DVB
·
August 26, 2022
ဗန်းမောက်မြို့နယ်၌ မိုင်းထိသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ စက်တောရွာအနီးမှာ PDF တပ်ဖွဲ့က စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့လို့ ဩဂုတ် ၂၅ ရက် မွန်းလွဲ ၃ နာရီကျော်က ရဟတ်ယာဉ်နဲ့  အလောင်းတွေ လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စက်တောရွာအနောက်ဘက်ကနေ ဗန်းမောက်မြို့တွင်းဘက်သို့ ဆင်းလာချိန်မှာ  ဗန်းမောက်PDF တပ် က မိုင်း ၈ လုံးခွဲကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်ဒေသခံတဦးက “ဒီနေ့ မနက် စက်တောရွာက ပြည်သူ ၁၀ ဦးကို ချောခေါ်သွားပါတယ်။ မနေ့က မိုင်းမိသေဆုံးသူတွေကို  စက်တောရွာကနေ တောလမ်းအတိုင်း ထမ်းသယ်ခိုင်းပြီး ရဟတ်ယာဉ်ကွင်းရောက်တဲ့အထိ ပို့ခိုင်းပါတယ်။ ကြည့်ရတာ အရာရှိတွေဖြစ်မယ်။ တပ်သားအဆင့်သေရင် ဖြစ်သလို မြှုပ်ခဲ့ကြတာ။ နောက်ပြီး ရဟတ်ယာဉ်ပေါ်ကနေ လက်နက်ကျည်ဆန်ထည့်ထားတာတွေလည်း ချသွားတယ်ကြားတယ်။” လို့ပြောပါတယ်။

ဩဂုတ် ၂၄ ရက်က မိုင်းခွဲခံရတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေလည်းရှိပြီး စက်တောရွာ ဆေးခန်းမှာ စခန်းချကာ ဆေးကုသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ သြဂုတ် ၂၄ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က အင်အား ၅၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့နေရာဟာ ဗန်းမောက်မြို့နဲ့ ၃ မိုင်ခန့်အကွာမှာရှိတဲ့ စက်တောကျေးရွာနဲ့ နားယကာကျေးရွာအကြား တနေရာမှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဗန်းမောက်မြို့ဘက်ကိုအသွားမှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်တာကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တခြားမဟာမိတ် PDF တပ်ရင်းတပ်ဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်တာအပြင် လက်နက်ကြီးတချို့နဲ့ပါ ပစ်ခတ်ခဲ့တာလို့ PDF အဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013