DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းတွင် လုံခြုံရေးယူနေသည့် စစ်တပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
DVB
·
August 25, 2022
သရက်ချောင်းတွင် လုံခြုံရေးယူနေသည့် စစ်တပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၅၃ မိုင်တိုင် အောက်သရက်ချောင်းအနီးမှာ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သြဂုတ် ၂၄ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်း ပကဖ က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၄ ရက် မနက် ၉ နာရီကျော်လောက်က သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ဂဠုန်မင်းစစ်ဆင်ရေးအဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့ ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထားဝယ်ဘက်မှ ပုလောဘက်ကိုဆင်းတဲ့ စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်းလုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှ မိနစ် ၄၀ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လမ်းကင်းချထားတာ စစ်ကားတစီးစာပေါ့။ ၁၀ ကျော် ၂၀ ဝန်းကျင်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတော့ တော်တော်လေးများမယ်။ အပြင်မှာက ၃ ယောက်ကို မြင်ရတယ်။ အဆောက်အဦ အထဲကို ဝင်ပြေးတာလည်း ရှိတယ်။ အဲဒီအဆောက်အဦတော့ ဖြဲဖြဲစင်သွားတယ်” လို့ သရက်ချောင်း ပကဖ အဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရေးပေါ် လူနာတင်ယာဉ် ၅ စီးနဲ့ သရက်ချောင်းဘက်ကို လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပြန်လှန်ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့မှ တပ်သားနှစ်‌ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ မနက် ၉ နာရီခွဲလောက်က ထားဝယ်မြို့ကနေ ပုလောမြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့နယ် မိုင်တိုင်အမှတ် ၄ အနီးမှာ ပုလော ပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မိုင်းနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013