DVB Logo
Home
မြန်မာသတင်း
ရွှေဘို ဆိပ်ခွန်ကျေးရွာနယ်မြေရဲစခန်းကို PDF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
August 25, 2022
ရွှေဘို ဆိပ်ခွန်ကျေးရွာနယ်မြေရဲစခန်းကို PDF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ နယ်မြေရဲစခန်းကို ဩဂုတ် ၂၄ ရက် မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် ဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ 96 Soldiers PDF က ထုတ်ပြန်ပါတယ်။

96 Soldiers PDF မှ တပ်ဖွဲ့ဝင်တစ်ဦးက “အဲဒီစခန်းမှာရှိတဲ့ စစ်အုပ်စုဘက်က တယောက် ဒဏ်ရာရသွားတယ်လို့ပဲ ကနဦးသိထားပါတယ်။ ဒီထက်လည်း ပိုချင်ပိုနိုင်တာပေါ့။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်တော့ အထိအခိုက်မရှိခဲ့ပါဘူး။ ဆိပ်ခွန်စခန်းက စစ်အုပ်စုက အနီးအနားကျေးရွာတော်တော်များများမှာည်း သောင်းကျန်းနေတာတွေ ရှိ‌တယ်” လို့ ပြောပါတယ်။

ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့တွေ  ရဲစခန်းကို အင်အားဖြည့်ဖို့ ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးဝန်းကျင်က ဒေသခံကား နှစ်စီးကို ဖမ်းဆီးထားပြီး ပြည်သူတွေကိုလည်း စစ်ဆေးနေပါတယ်။

ဆိပ်ခွန်ကျေးရွာနယ်မြေရဲစခန်းတိုက်ခိုက်မှုမှာ 96 Soldiers PDF အပါဝင်  ရွေဘိုမြို့နယ် တပ်ရင်း ၅ မှ တပ်ခွဲ ၃၊ MDF  SHWE BO၊ SHWE BO FEDERRL ARMY ၊ BO BA TAW၊   SNAKE EYES (LPDF)၊ C & T  (LPDF) ၊ ဒေါင်းမာန်(LPDF) ၊ Alpha 7 (LPDF) ၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ် ၊ရွှေဘိုတိုက်နယ်(၂) ၊  စွန်ရဲ LPDF ၊ ဗိုလ်ကျားရိုင်း ရွှေဘို၊  ဇေယျာသွေး ကျားရိုင်း (LPD) နဲ့ ဇာမဏီဒေါင်း ( LPDF) တို့မှ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 

အခုလဆန်း ဩဂုတ် ၂ ရက်ကလည်း ဆိပ်ခွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ရော ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013