DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဝင် နဂါးနီစစ်ကြောင်းတပ်ခွဲ ၃ အတွက် ဗုံးပစ်လောင်ချာ M-203 ကမ်ပိန်းတွင် ပါဝင်နိုင်
DVB
·
July 29, 2022
တိုက်ပွဲဝင် နဂါးနီစစ်ကြောင်းတပ်ခွဲ ၃ အတွက် ဗုံးပစ်လောင်ချာ M-203 ကမ်ပိန်းတွင် ပါဝင်နိုင်
Donate to DVB

အာဏာရှင်စစ်ကောင်စီတပ်တွေကို တွန်းလှန်ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်လိုအပ်ချက်တွေ ရှိနေပြီး ခုတခါမှာတော့ တိုက်ပွဲဝင် နဂါးနီစစ်ကြောင်းတပ်ခွဲ ၃ အတွက် ဗုံးပစ် လောင်ချာ  M-203 ကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ CDM ဗိုလ်ကြီး ညီသုတက “ဗုံးပစ်လောင်ချာ  M-203 ကမ်ပိန်းစတင်ပါပြီ။ စစ်ကောင်စီကပေးတဲ့ အရာရှိဆိုတဲ့ ရာထူးကိုစွန့်ပြီး တောထဲမှာ PDF တွေကို လေ့ကျင့်ပေးတယ်။ လက် ရှိလည်း တပ်ခွဲတစ်ခွဲကို ဦးဆောင်နေတဲ့ ညီငယ်ကို ဝိုင်းပြီး အားဖြည့်ကြစို့ဗျာ။ တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့အတွက် ဗုံးပစ်လောင်ချာတစ်လက်လောက်ထပ်လိုတယ်။ စစ်သားက တုတ်ရှိမှ ခရီးဆက်နိုင်မှာကိုးဗျ။ ခင်ဗျား တို့လည်း သူ့တာဝန်ကိုကူထမ်းပေးမယ်မလား။ ကျနော် ယုံကြည်ပါတယ်။ တာဝန်တွေကူပေးချင်ရင်တော့ NyiThuta's Diary ကို ဆက်သွယ်ပါ။”လို့ ပြောပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013