DVB Logo
Home
မြန်မာသတင်း
သုံးခွရဲစခန်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ
DVB
·
September 22, 2022
သုံးခွရဲစခန်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ သုံးခွမြို့မရဲစခန်းကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက အမည်မသိအဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သုံးခွမြို့နယ်၊ ၁၁ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်မှာရှိတဲ့ သုံးခွမြို့မရဲစခန်းကို ဒီကနေ့ နေ့လယ် ၂ နာရီခွဲက အမည်မသိအဖွဲ့က ၄၀မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“အသံကြားတာတော့ အကျယ်ကြီးပဲ။ ဗုံးက ရဲစခန်းထဲကျသွားတာ။ စစ်သားတွေရော ရဲတွေရော အများကြီးပဲ ဒဏ်ရာရတယ်လည်း ကြားတယ်၊ သေတယ်လည်း ကြားတယ်။”

လတ်တလောမှာ မြို့မရဲစခန်းနဲ့ မင်းရဲကျော်စွာလမ်းတလျှောက် စစ်ကောင်စီတပ်နဲ့ ရဲတွေက ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သုံးခွမြို့နယ်ရဲစခန်း ၄၀မမ နဲ့ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီကနေ့ မနက်ပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနဲ့ ပါမောက္ခလမ်းသွယ်ထိပ်မှာ လူငယ်နှစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၁ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013