DVB Logo
Home
Lead Story
စားအုန်းဆီ ၁ ပိဿာရဖို့ တန်းစီနေရတဲ့ စစ်အာဏာရှင်လက်ထက် မြန်မာပြည်သူတို့၏ ဘဝပုံရိပ်များ
DVB
·
August 25, 2022
စားအုန်းဆီ ၁ ပိဿာရဖို့ တန်းစီနေရတဲ့ စစ်အာဏာရှင်လက်ထက် မြန်မာပြည်သူတို့၏ ဘဝပုံရိပ်များ
1 / 18
Donate to DVB

မြန်မာနိုင်ငံ ဆီကုန်သည်နဲ့  ဆီလုပ်ငန်းရှင်များအသင်းက ကားအစီး ၇၀ နဲ့ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်တွေကို စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေတဲ့အတွက် ပြည်သူတွေ တန်းစီပြီး ၀ယ်ယူနေကြရပါတယ်။

မြန်မာပြည်တွင်းမှာ စားအုန်းဆီ မလုံလောက် ကျပ်ငွေတန်းဖိုးထိုးကျနေလို့  ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့သလို လက်လီရောင်းချမယ့်သူတွေလည်း ခွဲတမ်းမရရှိလို့ ရောင်းချနိုင်ခြင်းမရှိတော့ဘူးလို့ စားသုံးဆီ လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒီအခြေအနေမှာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက ဆီအရောင်းကားတွေနဲ့ လက်လီရောင်းချပေးရာမှာ သြဂုတ် ၂၂ ရက် မနက်ကစပြီး  တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ဈေးနဲ့ ရောင်းချပေးနေတာပါ။

လက်ရှိ ပြင်ပ စားသုံးဆီဈေးကွက်မှာတော့ ဆီရောတပိဿာကို ကျပ် ၁၂,၀၀၀ ၊ စားအုန်းဆီ တပိဿာကို ကျပ် ၁၁,၀၀၀ နဲ့ရောင်းချနေတာဖြစ်ပါတယ်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးတဲ့ လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ညွှန်ကြားတဲ့ စားအုန်းဆီစျေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ ဆိုင်အနည်းငယ်သာရှိပြီး စစ်ကောင်စီအနေနဲ့ စားသုံးဆီဈေးနှုန်းအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။

Photo - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013