DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲ၊ ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ ဦးသေ
DVB
·
August 22, 2022
စစ်ကိုင်းတိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲ၊ ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ ဦးသေ
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒရုန်းနဲ့ဗုံးကြဲ၊ ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၀ ယောက် သေဆုံးခဲ့တယ်လို့  NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့  ဩဂုတ် ၂၂ ရက်မနက် ၁၀ နာရီ မိနစ် ၄၀ နာရီလောက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(ရွှေဘိုခရိုင်)တပ်ရင်း (၁၆) က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ပျူစောထီး သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တယောက်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရေဖြူလွင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သား၊ ပျူစောထီးတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကသာခရိုင်)တပ်ရင်းတွေ/ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ထီးချိုင့်) စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ရေဖြူလွင်ကျေးရွာကိုလည်း ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013