DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအောက်ပိုင်းဒေသများ မြစ်ရေကြီးမှုအန္တရာယ် သတိပြုရန် NUG အစိုးရသတိပေး
DVB
·
August 22, 2022
မြန်မာနိုင်ငံအောက်ပိုင်းဒေသများ မြစ်ရေကြီးမှုအန္တရာယ် သတိပြုရန် NUG အစိုးရသတိပေး
1 / 4
Donate to DVB

လာမယ့် ဩဂုတ် ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မြစ်ရေကြီးမှုအန္တရာယ်ကို သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထုတ်ပြန်ထားပါတယ်။

NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်မှာ ခုလိုသတိပေးထားတာဖြစ်ပြီး မုတ်သုံလေဖိအားနည်းဆဲလ် (Monsoon Low Pressure Cell)တစ်ခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ထပ်မံဖြစ်ပေါ်လာနိုင်ပေမယ့် အားသိပ်မကောင်းနိုင်တာကြောင့် မြန်မာနိုင်ငံဘက် မုတ်သုံမိုးတွေမှာ မိုးသိပ်မရနိုင်တော့ကြောင်းနဲ့ မွန်ပြည်နယ်မှာသာ တစ်ရက်လောက် မိုးများနိုင်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မြန်မာနိုင်ငံအထက်ဘက်မှာ ရွာသွန်းခဲ့တဲ့ မိုးရေတွေ အောက်ဘက်ပိုင်းကို ဆက်လက်ဆင်းလာနိုင်ပြီးတော့ မြစ်ရေတွေမြင့်တက်လာနိုင်တာကြောင့် မြစ်ရေကြီးမှု ဘေး အန္တရာယ်ကိုသတိပြုရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေက ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013