DVB Logo
Home
မြန်မာသတင်း
ကုလ အထူးသံတမန်၏ လုပ်ပိုင်ခွင့်ကိုရုပ်သိမ်းရန် အရပ်ဘက်အဖွဲ့ ၉၀၀ ခန့် တောင်းဆို
DVB
·
August 22, 2022
ကုလ အထူးသံတမန်၏ လုပ်ပိုင်ခွင့်ကိုရုပ်သိမ်းရန် အရပ်ဘက်အဖွဲ့ ၉၀၀ ခန့် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် မထိရောက်တဲ့ ကုလသမဂ္ဂအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြန်ရုပ်သိမ်းဖို့ အရပ်ဘက်အဖွဲ့အစည်း ၉၀၀ လောက်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတခု တာဝန်ယူပြီး တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဩဂုတ် ၁၆ ကနေ ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံကို လာသွားတဲ့  လက်ရှိ ကုလသမဂ္ဂ အထူးသံတမန် မစ္စနိုလင်းဟေဇာရဲ့ ပထမဦးဆုံးခရီးစဉ်ဟာ မထိရောက်တဲ့ ချဉ်းကပ်မှု သမိုင်းအစဉ်အလာနဲ့ ဆက်လက်ကျရှုံးနေတာကို ဖော်ပြတဲ့ နောက်ဆုံးဥပမာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အထူးသံတမန်တွေကတဆင့် မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ဖို့ ကြိုးပမ်းတာတွေဟာ အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေ ဘယ်တုန်းကမှ မရခဲ့တဲ့အပြင် နိုင်ငံတကာ ရာဇဝတ်မှုတွေ ချိုးဖောက်ကျူးလွန်နေသူတွေကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းတွေကို ပိုဆိုးစေတယ်လို့လည်း ဝေဖန်ထားပါတယ်။

အခုလို တွေ့ဆုံဆွေးနွေးတာတွေကြောင့် စစ်အုပ်စုဟာ ပြည်သူတွေအပေါ် ပိုပြီး ရက်စက်ကြမ်းကြုတ် အတင့်ရဲလာနိုင်စေပြီး လက်ရှိ မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ ရုန်းကန်တိုက်ပွဲဝင်တာကို ထိခိုက်စေတာကြောင့် ကုလသမဂ္ဂရဲ့ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ” ဆိုတဲ့မူကို ဖောက်ဖျက်ရာရောက်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ UNGA နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တခု ဖော်ဆောင်ရေးကို ကုလသမဂ္ဂအထူးသံတမန်က ကတိကဝတ်ပြုထားပေမယ့် သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မဖော်ပြထားတဲ့အပေါ် အင်မတန် စိတ်ပျက်မိတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး လျော့နည်းသွားအောင် အပြစ်ပေး အရေးယူတာမျိုးတွေမရှိဘဲ အချိန်ပေး စောင့်ကြည့်မယ်ဆိုတဲ့ မူအတိုင်း သွားနေတာဟာ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်လုပ်ဆောင်နိုင်စေဖို့ ကုလသမဂ္ဂက လိုလိုလားလား လုပ်ခွင့်ပြုထားတာ ဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။

စစ်အုပ်စုနဲ့ ဆက်သွယ်ဆွေးနွေးတာတွေ ရပ်တန့်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပေး အရေးယူရမှာဖြစ်သလို တချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးဆီကို လွှဲပြောင်းပေးတာ ဒါမှမဟုတ် အထူးခုံရုံးတခုဖွဲ့စည်းပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013