DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားအဖွဲ့ချုပ်က ဖလမ်းတွင် ခုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်
DVB
·
August 21, 2022
ချင်းအမျိုးသားအဖွဲ့ချုပ်က ဖလမ်းတွင် ခုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်
Donate to DVB

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ ကျန်းမာရေးဌာနက ကြီးမှူးပြီး ခုတင် ၅၀ ဆံ့ဆေးရုံကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီ Suangdawn ဆေးရုံသစ်ဖွင့်ပွဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်ပြီး ချင်းအမျိုးသားအလံအလေးပြုတာ၊ ကျဆုံးခဲ့တဲ့ အာဇာနည်ရဲ‌ဘော်တွေကို အလေးပြုတာ၊ ချင်းအမျိုးသားသီချင်းသီဆိုပြီး ဒေသခံဆရာတော်က ဆုတောင်းလို့ အခမ်းအနားကို စတင်ခဲ့ပြီး  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ICNCC က ပေးပို့တဲ့ သဝဏ်လွှာတို့ကို ဖတ်ကြားခဲ့ပါတယ်။

ဒါဟာ တော်လှန်ရေးရဲ့ အောင်မြင်မှုအသီးအပွင့်တခုဖြစ်သလို အကြမ်းဖက်စစ်ကောင်စီကြောင့် ဆိုးဆိုးရွားရွားပျက်စီးသွားတဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို အစားထိုး တာဝန်ယူတာဖြစ်လို့ ချင်းပြည်သူတွေအတွက် ဂုဏ်ယူဝမ်းမြောက်စရာ သတင်းကောင်းဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီရဲ့ သဝဏ်လွှာမှာ ပြောပါတယ်။

ဒီဆေးရုံဟာ ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့တဲ့အချိန်က စတင်ဆေးကုပေးနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာမှ ဆေးရုံအဖြစ်တိုးချဲ့ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် PDF-kalay က ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး ဒဏ်ရာရရဲဘော်တွေကို ခွဲစိတ်ကုသပြီး ကလေးမီးဖွားပေးတာနဲ့ ‌ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှု ပေးနေတာလို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013